ပန်တူကြီးသံဃရာဇာကား စစ်ကိုင်းမြို့နယ်ယခုအခေါ်ပဒူရွာ၊ ရှေးအခေါ်ပန်တူ ရွာတွင်ဖွားမြင်သည်။ မွေးဇာတိရွာအမည်ဖြင့်ပန်တူကြီး သံဃရာဇာဟုတွင်၏။ ပန်တူကြီးရွာအနီး၌ စည်းခုံကြီးကိုလည်း တည်ထားခဲ့၏။ ပိဋကတ်ဗေဒင်၌ကျွမ်းကျင်လိမ်မာ၏။ လောကဗဟုသုတရှိ၏။ ပိဋကတ်ကျမ်းဂန်မှာ အတန်အရသာ၊ ဗေဒင်ကျမ်းကိုနည်းမှီး၍ လောကဒီပနီကျမ်းကိုစီရင်သည်။ လိင်·အန်ဝိဘတ်အနေအထားမသင့်သည့်အရာများ၏ ဟူ၍ပညာရှိတို့ဆိုကြသည်။

ထိုသံဃရာဇာသည်သတိုးမင်းဖျား၏အိပ်မက်ကိုဖတ်ရ၏။ သတိုးမင်းဖျားသည် သက္ကရာဇ် ရ၂၆ ခုတပေါင်းလ အင်းဝမြို့တည်မည်ဟုစီရင်တော်မူစဉ် ညဉ့်အခါ၌ (၁)မြို့တည်မည့်အရပ်၌လက်ပံပင်ကြီးတစ်ပင်ရောက်၏။ (၂)အထက်ဖျား၌ ဆဒ္ဒန်ဆင် ပျံနား၏။ (၃)ခက်မလေး ဖြာ၌ ပရိက္ခရာရှစ်ပါးနှင့်တကွရဟန္တာလေးပါးနေ၏။ (၄) အပင်ရင်း၌ခြင်္သေ့ စောင့်၏။ (၅)အမြစ်ဖျား၌နဂါးစောင့် ၏။ (၆)ခက်မလေးဖြာ၌နေသောရဟန္တာလေးပါးကို ဂဠုန်သုတ်၏။ ဤခြောက်ပါးသောအိပ်မက်ကိုမြင်မက်သည်။ ထိုအခါပန်တူကြီးသံဃရာဇာက (၁) လက်ပံပင်တို့ သဘောသည်သုံးနှစ်တစ်ကြိမ်ထူးလွန်၍ စည်ပင်သကဲ့သို့ သုံးနှစ်တစ်ကြိမ်ထူးလွန်၍ ရွှေပြည်တော်သာယာစည်ပင်မည်။ (၂) ဗုဒ္ဓဟူးသား မြို့တည်မည်။ (၃) သာသနာတော် ထွန်းလင်းမည်။ (၄) ရန်သူအပေါင်းတို့ကြောက်ရွံ့ခန့်ညားမည်။ (၅) ပြည်တော်ဝယ်အဆုံးအစွန်သော မင်းသည် စနေနံဖြစ်မည်။ (၆) တနင်္ဂနွေသားမင်းပြုသောအခါ သာသနာတော်ကို အထူးသဖြင့် သုတ်သင်မည်ဟုအိပ်မက်ကို ဖတ်ကြား တော်မူသည်။[]


  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၃)