ခရမ်းချဉ်သီး ပန်ထွေဖျော် (ပန်ထွေဖျော်) သည် ခရမ်းချဉ်သီးဖြင့် ပြုလုပ်ထားသော မြန်မာ အစားအသောက်တစ်မျိုး ဖြစ်သည်။ ပန်ထွေဖျော် ပြုလုပ်ရန်အတွက် ခရမ်းချဉ်သီးအနီရောင်မှည့်မှည့် ကြီးလျှင် ၄ လုံး၊ သေးလျှင် ၅ လုံး၊ ဆားငရုတ်သီးစိမ်းကြက်သွန်ဖြူ ၃မွှာ ၊ ကြက်သွန်နီတစ်ဥ၊နံနံပင် တို့လိုအပ်ပါသည်။ ပထမဦးစွာ ခရမ်းချဉ်သီးတို့ကို ရေဆေးပြီး အလုံးလိုက် နူးအောင် ပြုတ်ပါ။ ထို့နောက် အခွံခွာပါ။ ငရုတ်ဆုံထဲတွင် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်းတို့ကို ညက်အောင် ထောင်းပါ။ ထို့နောက် ခရမ်းချဉ်သီးတို့ကို ထည့်ကာ မညက်တညက် ထောင်းပါ။ ဆား၊ နံနံပင်တို့ ရောထည့်ကာ အရသာရှိသော ခရမ်းချဉ်သီးပန်ထွေဖျော်ကို သုံးဆောင်နိုင်သည်။

ခရမ်းချဉ်သီး ပန်ထွေဖျော်