ပန်းကန်

အစားအစာများတည့်ခင်းနိုင်သော အပြားပုံ ထည့်စရာ

ပန်းကန် ဆိုသည်မှာ ကုန်းဘောင်ခေတ်နှောင်း၊ ကိုလိုနီခေတ်ဦး ဝန်းကျင်မှ စတင်၍ အသုံးပြုကြသော အစားအသောက်ထည့်စားသည့် အဝိုင်းသဏ္ဌာန် အရာဝတ္ထုဖြစ်သည်။​ များသောအားဖြင့် မျက်နှာပြင်မှာ ဝန်းဝိုင်းပြီး အလယ်တွင် စားစရာထည့်နိုင်ရန် အနည်းငယ်လျှောပြီး ခွက်သည်။ ချွင်းချက်အဖြစ် လေးထောင့်ပန်းကန်၊​ ဘဲဥပုံပန်းကန် များကိုလည်း တွေ့ရတတ်သည်။ အလျှောပိုမိုမတ်စောက်ပြီး အခွက်ပိုနက်သော ပန်းကန်တစ်မျိုးကို ဇောက်ပန်းကန် ဟု ခေါ်သည်။ အဆီများသောဟင်းများ ထည့်ရာတွင် သုံးလေ့ရှိသည်။ အောက်ခြေဘက် လုံးဝိုင်းပြီး ဟင်းရည်ပိုမိုဝင်ဆံ့သော ခွက်သဏ္ဌာန် ပန်းကန်များကို ပန်းကန်လုံးဟု ခေါ်သည်။​ ပုံမှန်အားဖြင့် ပန်းကန် ဟု ခေါ်ဝေါ်ရာမှ တိတိကျကျကွဲပြားစေလိုလျှင် ပန်းကန်ပြားဟုလည်း သုံးလေ့ရှိကြသည်။​

ပန်းကန် အသုံးပြုမှု မတွင်ကျယ်ခင်က မြန်မာတို့သည် ဒေါင်းလန်း၊ ဇလုံ စသည်တို့ဖြင့် ထမင်း၊ ဟင်း၊ စားစရာ ထည့်ပြုစားသောက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ပထမဆုံး ပန်းကန်စက်ရုံကို ဦးသော် မှ တည်ထောင်လည်ပတ်စေခဲ့သည်။