ပန်းချီတော်
ပန်းချီတော်ဆိုသည် ကုန်းဘောင်ခေတ်မှ စ၍ မြန်မာပန်းချီပညာသည်များ အစုအစည်း တစ်ရပ်အနေဖြင့် မြန်မာ့နန်းတွင်းသို့ ရောက်ရှိလာကြပြီး ရာထူးအဆင့်ဆင့် တာဝန်အဆင့်ဆင့်ဖြင့် နန်းမူနန်းရာ၊ နန်းဓလေ့များကို စနစ်တကျ မှတ်တမ်းတင် ရေးခြယ်ကြသူများ ဖြစ်သည်။ ယင်းသို့ မှတ်တမ်းတင် ရေးခြယ်ကြသည့် ပန်းချီတော်များတွင် ဦးကြာညွန့်၊ ဆရာစာ နှင့် ဆရာချုံ တို့သည် ထင်ရှားခဲ့ကြပေသည်။
မင်းတုန်းမင်း လက်ထက်တွင် ပန်းချီတော်မှာ ဦးကြာညွန့် ဖြစ်သည်။ ဦးကြာညွန့်သည် သီပေါမင်းလက်ထက်အထိ အမှုထမ်းပြီး နှစ်နှစ်အကြာတွင် ကွယ်လွန်ခဲ့သည်။ ဦးကြာညွန့်သားဖြစ်သူ ဆရာစာအား ခရစ်နှစ် ၁၈၈၁-ခုနှစ်တွင် သီပေါမင်းက ပန်းချီတော်အဖြစ် သူကောင်းပြုသည်။ ဆရာစာ အမှုထမ်းနေဆဲ မကြာမီ မျက်စိကွယ်လေသည်။ ထို့ကြောင့် သီပေါမင်းက ဆရာစာ၏ တပည့်ဖြစ်သူ ဆရာချုံကို ပန်းချီတော်အဖြစ် ချီးမြှင့်မြောက်စားသည်။ လစာငွေမှာ ၃၅-ကျပ်ခန့်ရရှိသည်။ [၁]
ကိုးကား
ပြင်ဆင်ရန်- ↑ ဆရာချုံ အတ္ထုပ္ပတ္တိ