ပန်းတိုင်၏အဓိပ္ပါယ်ရင်းမှာ ရည်မှန်းရာ နေရာဒေသ အမှတ်အသား တစ်ခုဖြစ်သည်။ အပြေးပြိုင်ပွဲ စသည်တို့တွင် ပြေးလမ်းခရီးကို တာလမ်းဟုခေါ်ပြီး ယှဉ်ပြိုင်သူများ စတင်ထွက်ခွါရမည့်စုရပ်နေရာကို (တာထွက်/တာလွှတ်သောနေရာ)ဟုခေါ်ကြသည်။ ပြိုင်ပွဲခရီးဆုံးဟုသတ်မှတ်ထားသော ပြေးလမ်းတစ်နေရာကိုမူ ခရီးဆုံးပန်းတိုင်ဟုခေါ်သည်။
ဘဝကို ခရီးတစ်ခုအဖြစ်ရှုမြင်တတ်ကြရာ တစ်စုံတစ်ဦး(သို့မဟုတ်)မိမိကိုယ်တိုင် ရရှိရောက်ရှိလိုသော ရည်မှန်းချက် အဆင့်အခြေအနေစသည်တို့ကိုလည်း ရည်မှန်းချက်ပန်းတိုင် ဟုပြောဆိုသုံးနှုန်းကြသည်။