ပန်းပဲဝန် ပြင်ဆင်ရန်

ပန်းပဲဝန်သည် ဓား၊ လှံ၊ လက်နက်ကိရိယာများ၊ အမိန့်တော်အရ ခေါင်းလောင်းများ သွန်းလုပ်ရာတွင် တာဝန်ယူရသူ ဖြစ်သည်။ ပန်းပဲဝန်၏ လက်အောက်တွင် ပန်းပဲစာရေးများကိုလည်း ထားရှိ၏။

ပန်းပဲဝန် မဟာဗညားကျန်းတော ပြင်ဆင်ရန်

စဉ့်ကူးမင်း( ၁၇၇၆ - ၁၇၈၂ ) လက်ထက်တွင် ပန်းပဲဝန်အဖြစ်ခန့်အပ်ခံရသူမှာ မဟာဗညားကျန်းတောဖြစ်သည်။ မြန်မာမင်းများလက်ထက်တွင် ဘွဲ့ရည်ပေးပုံစနစ်အရ ပန်းပဲဝန်မဟာဗညားကျန်းတောမှာ မွန်တိုင်းရင်းသားတစ်ဦးဖြစ်ပေလိမ့်မည်။ စဉ့်ကူးမင်းနန်းတက်စ ၂၃ ဒီဇင်ဘာ ၁၇၇၆ ခုနှစ်တွင် ပန်းပဲဝန်မဟာဗညားကျန်းတောသည် တပ်တစ်တပ်ကို အုပ်ချုပ်လျက် လကွန်း၊ ဖာသင်းမြို့များသို့ စစ်ချီတက်ခဲ့ရသည်။

ဗဒုံမင်းလက်ထက် ပြင်ဆင်ရန်

ဗဒုံမင်း ( ဘိုးတော်ဘုရား ) ( ၁၇၈၂ - ၁၈၁၉ ) နန်းတက်စကာလ ပန်းပဲဝန်အဖြစ် ခန့်အပ်ခံရသူမှာ တုရင်းရန်ကွင်းဖြစ်သည်။ ၁၇၈၃ ခုနှစ်တွင် သားတော်ရွှေတောင်မင်းသားဦးပေါ်အား အိမ်ရှေ့အရာပေးအပ်စဉ် ပန်းပဲဝန်တုရင်းရန်ကွင်း၏ သားကိုရွှေစုအားလျောင်းတော်ဦးအမှုထမ်းတစ်ဦး အဖြစ်ခန့်အပ်ခဲ့သည်။ သို့သော် ထိုအတောအတွင်း ပန်းပဲဝန်ရာထူးအပြောင်အလဲ ဖြစ်ခဲ့သည်။ အိမ်ရှေ့မင်းဦးပေါ်ဦးသည် ၁၇၅၈ ခုနှစ် နိုဝင်ဘာလတွင် ရခိုင်ဒေသမှ မဟာမုနိရုပ်ပွားတော်ကြီးအား ရခိုင်ရိုးမကိုဖြစ်ကျော်လျက် အမရပူရသို့ ပင့်ဆောင်ကြရာတွင် ပန်းပဲဝန် သီရိဇေယသင်္ခယာ တာဝန်ယူခဲ့သည်။

စစ်ကိုင်းမင်းလက်ထက် ပြင်ဆင်ရန်

စစ်ကိုင်းမင်း( ဘကြီးတော် ) ( ၁၈၁၉ -၁၈၃၇ )လက်ထက် နန်းတက်စ၌ ဗလပညာကျော်အား ပန်းပဲဝန်အဖြစ်ခန့်အပ်ခဲ့၏။ ယင်းသို့ ပန်းပဲဝန်အရာခန့်အပ်ပြီး မကြာမီ၌ပင် အသက် ၉၀ နှစ်အရွယ်ရှိ ပန်းပဲဝန်ဗလပညာကျော်၏ မိခင်ကွယ်လွန်ခဲ့သည်။ စစ်ကိုင်းမင်းသည် ၃ နိုဝင်ဘာ ၁၈၁၉ ခုနှစ်တွင် ထီးဖြူဆောင်း မင်္ဂလာအခမ်းအနားကျင်းပ၍ ပန်းပဲဝန် ဗလပညာကျော်အား သီရိဗလပညာကျော်ဘွဲ့ ပြောင်းလဲပေးအပ်ခဲ့၏။

ပန်းပဲမင်းကြီးဦးမှို ပြင်ဆင်ရန်

ပန်းပဲမင်းကြီးဦးမှိုမှာ ကုန်းဘောင်ခေတ်ပန်းပဲဝန်များထဲတွင် အထင်ရှားဆုံးဖြစ်သည်။ ဦးမှိုသည် သာယာဝတီမင်း (၁၈၃၇- ၁၈၆၄ ) လက်ထက်ကပင် ပန်းပဲဝန်အရာရရှိခဲ့သူဖြစ်၏။ မင်းကြီးမဟာမင်းလှကျော်သူဘွဲ့ခံ ဇရွံမြို့စားပန်းပဲဝန်ရာထူးအပြင် အတွင်းဝန်အဖြစ်ပါ အမှုထမ်းခဲ့ရသူ ဖြစ်သဖြင့် ပန်းပဲအတွင်းဝန်မင်းဟူ၍ အမည်တွင်ခဲ့သည်။ သာယာဝတီမင်း လက်ထက်တွင် ဇောင်းကလောကန်ဦး၏ လောကမဏိစူဌာစေတီတော် တည်ထားကိုးကွယ်ခဲ့ရာ ပန်းပဲဝန်ဦးမှိုကပင် ကြီးကြပ်လုပ်ဆောင်ခဲ့ရပ်သည်။ ၂၄ ဇန်နဝါရီ ၁၈၄၄ ခုနှစ်တွင် စေတီတော်တည်ထား ကိုးကွယ်ပြီးစီးကြောင်း ပန်း၌မင်းကြီးဦးမှိုက သာယာဝတီမင်းအား လျှောက်ထားခဲ့သည်။ ပုဂံမင်း ( ၁၈၄၆ - ၁၈၅၂ ) လက်ထက်တွင်လည်း ဦးမှိုကိုပင် ပန်းပဲဝန်အဖြစ် ဆက်လက် ခန့်အပ်ခဲ့သည်။ သတိုးမင်းကြီး မဟာမင်းလှကျော်သူဘွဲ့ဖြင့် အတာင်းဝန်ရာထူးကိုပါ ဆက်လက်ခန့်အပ်ခဲ့၏။ ၁၀ နိုဝင်ဘာ ၁၄၇ တွင် ပုဂံမင်းနေထိုင်ရာ အိမ်တော်ရာနေရာ၌ မဟာလောကရံသီစေတီတော် ပန္နတော်ချရာတွင် ပန်းပဲအတွင်းဝန် ဦးမှို ကြီးကြပ်လုပ်ဆောင်ပေးခဲ့ရသည်။ ထို့အတူ ၄ ဇွန် ၁၈၄၉ ခုနှစ်တွင်လည်း ပန်းပဲဝန်အတွင်းဝန် သတိုးကြီးမဟာမင်းလှကျော်သူဘွဲ့ခံ ဦးမှိုနှင့်အဖွဲ့အား အင်းဝမြို့မဟာသကျရံသီအုတ်ပြဿဒ်ဆောင် ပြင်ဆင်ရန် တာဝန်ပေးအပ်ခဲ့သည်။

မင်းတုန်းမင်းနန်းတက်စကာလ ပြင်ဆင်ရန်

၁၈၅၃ ခုနှစ်ဖေဖော်ဝါရီလ မင်းတုန်းမင်းနန်းတက်စကာလတွင် ယခင်သာယာဝတီမင်းနှင့် ပုဂံမင်းတို့လက်ထက်၌ ပန်ပဲအတွင်းဝန်အဖြစ် အမှုထမ်းခဲ့သူ ဦးမှိုအား မြတောင်မြို့စား ဝန်ကြီးအရာခန့်အပ်ခဲ့သည်။ လစ်လပ်သွားသော ပန်းပဲဝန်ရာထူးကို နေမျိုးယန္တရားအား ခန့်အပ်ခဲ့၏။ ၁၈၅၅ ခုနှစ်တွင် အမရပူရသို့ အာသာဖယ်ရာ( Arthur Phayre ) ဦးဆောင်သော ဗြိတိသျှသံအဖွဲ့ လာရောက်စဉ် ပန်းပဲဝန်နေမျိုးယန္တရားသည် ကြိုဆိုရေးအဖွဲ့၌ ပါဝင်ခဲ့ကြောင်းတွေ့ရှိရ၏။

ရတနာပုံနန်းမြို့တော်သစ် ပြင်ဆင်ရန်

၁၈၅၉ ခုနှစ်တွင် မင်းတုန်းမင်းက အမရပူရကို စွန့်ခွာလျက် ရတနာပုံနန်းမြို့တော်သစ်ကြီးကို တည်ဆောက်ခဲ့၏။ ထိုစဉ်က ပန်းပဲမင်းကြီးဦးမှိုသည် ခြေနှင့်မျက်စိ တက်သောပညာဖြင့် နန်းတော်ကြီးနှင့်မြို့ရိုး၊ ကျုံးစသည့် လုပ်ဆောင်ဖွယ်ရှိသည်များကို လုပ်ကိုင်ခဲ့ကြောင်း မှော်ဘီဆရာသိန်းကြီး၏ ပန်းပဲမင်းကြီးဆောင်းပါးတွင် လေ့လာဖတ်ရှုရသည်။ သို့သော်ဦးမှိုမှာ ထိုစဉ်က ပန်းပဲဝန်ရာထူးဖြင့် အမှုထမ်းရွက်ခြင်းမရှိတော့ပေ။ မြတောင်မြို့စားဝန်ကြီးအဖြစ် မြို့တော်သစ်တည်ဆောက်ရေး လုပ်ငန်းများကို ကြီးကြပ်ပေးခဲ့ရခြင်းသာ ဖြစ်သည်။

ပန်းတဉ်းဝန် ပန်းပဲဝန် ပြင်ဆင်ရန်

၁၈၆၆ ခုနှစ်တွင် ဦးရွှေပင်အား ပန်းတဉ်းဝန်ရာထူးအပြင် ပန်းပဲဝန်အဖြစ်ပါ ပူးတွဲတာဝန်ထမ်းဆောင်စေခဲ့သည်။ ပန်းတဉ်းဝန်ရာထူးမှာ လုပ်ငန်းသဘောသဘာဝအားဖြင့် ဆင်တူသဖြင့်ယင်းကဲ့သို့ခန့်အပ်ခဲ့ခြင်း ဖြစ်ဟန်ရှိသည်။ သို့သော်လအနည်းငယ် သာ တာဝန်ထမ်းဆောင်ခဲ့ရပြီး ရာထူးအပြောင်းအလဲ ဖြစ်ခဲ့၏။

ပန်းပဲဝန်ဦးထွန်းအောင် ပြင်ဆင်ရန်

၁၈၆၆ ခုနှစ် နှောင်းပိုင်းကာလတွင် နိုင်ငံခြားပြန် ပညာတော်သင်တစ်ဦးဖြစ်သူ ဦးထွန်းအောင်အား မဟာမင်းခေါင်မဟာသိဒ္ဓိကျော်ထင်ဘွဲ့ဖြင့် ပန်းပဲဝန်အရာခန့်အပ်လိုက်ပါသည်။ ယခင်ကပန်းပဲဝန်သည် သံနှင့်ပြုလုပ်သော ဓား၊ လှံ၊သေနတ်နှင့် အမြောက်စသည့် လက်နက်ပစ္စည်း များကို သွန်းလုပ်သည့်လုပ်ငန်းများကိုပါ ကြီးကြပ်လုပ်ဆောင်ရသည်။ ပန်းပဲဝန်ဦထွန်းအောင်သည် မင်းတုန်းမင်း လက်ထက်၌သာမက သီပေါမင်းလက်ထက်တစ်လျှောက်တွင်ပါ ပန်းပဲဝန်အဖြစ် အမှူးထမ်းခဲ့သည်။ ၁၂ ဇွန် ၁၉၀၃ ခုနှစ်တွင် ပန်းပဲဝန်ဦးထွန်အောင် ကွယ်လွန်သွားသည်။ အလွန်ထူးချွန်းသော ပန်းပဲ၀န်အဖြစ် ထင်ရှားခဲ့သည်။