ဤဆောင်းပါးသည် အပင်အစိတ်အပိုင်းပန်း အကြောင်း ဖြစ်သည်။ အခြား အသုံးအနှုန်းများ အတွက် ပန်း (သံတူကြောင်းကွဲ) ကို ကြည့်ပါ။

ပန်း(တစ်ခါတစ်ရံ "ပန်းပွင့်")ဆိုသည်မှာ အပွင့်ဆောင်ပင်|အပွင့်ဆောင်အပင်များတွင်သာ တွေ့ရသော မျိုးပွားအင်္ဂါစု ဖြစ်သည်။ ပန်း၏ ဇီဝဗေဒဆိုင်ရာ လုပ်ငန်းတာဝန်မှာ မျိုးပွားခြင်းကို သက်ရောက်စေပြီး များသောအားဖြင့် စပါးမ်(အဖိုမျိုးပွားဆဲလ်)နှင့် မမျိုးဥတို့ကို ပေါင်းစပ်ပေးခြင်း ဖြစ်သည်။ ပန်းများသည် ပွင့်ခြားမျိုးပွားခြင်း(မျိုးစိပ်တူအပင်အုပ်တစ်ခုရှိ မတူညီသည့်အပင်တို့မှ စပါးမ်နှင့် မမျိုးဥတို့ ပေါင်းစပ်ခြင်း)၊ သို့မဟုတ် ပင်တည်းမျိုးပွားခြင်း(တစ်ပင်တည်းမှ စပါးမ်နှင့် မမျိုးဥတို့ ပေါင်းစပ်ခြင်း) ကို အဆင်ပြေချောမွေ့စေတတ်သည်။

မျိုးရင်းမတူသည့် အပွင့်ဆောင်အပင်မျိုးစိပ်(၁၂)ခုတို့မှပွင့်သော ပန်းပွင့်(သို့)ပန်းခိုင်များကို ပြထားသည့် ပိုစတာ

ကိုးကား ပြင်ဆင်ရန်