ပန်းပွတ်
ယွန်းသစ်သားဖြင့် အသုံးအဆောင်များ၊ အလှအပများကို ပြုလုပ်သည့် ပညာဖြစ်သည်။ ပန်းပွတ်ပညာကို ကလပ်အမျိုးမျိုး၊ လက်ဖက်အစ်၊ ဆွမ်းအုပ်၊ နွားလှည်းဘီးများမှ သစ်သားပွတ်လုံးများ၊ ထီးဖြူ၊ ရွှေထီး လက်ရိုးလက်ကိုင်များတွင် တွေ့ ရှိနိုင်သည်။ ထို့အပြင် ပန်းပု ပညာဖြင့် ရုပ်လုံးဖော်ထားသော အကြမ်းထည်များကို ချောမွေ့ တောက်ပြောင်စေရန် ပန်းပွတ်ပညာဖြင့် ပြုလုပ်ရသည်။