ပန်းရောင်သည် Dianthus plumarius ဟုခေါ်သော ပန်းပွင့်၏ အရောင်ဖြစ်ပြီး အနီဖျော့ရောင် ဖြစ်သည်။ ယင်းအရောင်၏ အမည်အား ၁၇ ရာစုနှောင်းပိုင်းတွင် ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့သည်။ ဥရောပနှင့် အမေရိကန်ပြည်ထောင်စုရှိ စစ်တမ်းများအရ ကျက်သရေရှိခြင်း၊ ယာဉ်ကျေးသိမ်မွေ့ခြင်း၊ စိတ်ခံစားလွယ်ခြင်း၊ ချစ်စဖွယ်ကောင်းခြင်း၊ ငယ်ဘဝဆန်ခြင်း၊ စိတ်ကူးယာဉ်ဆန်ခြင်း၊ မိန်းမပီသခြင်း၊ သနားညှာတာခြင်း စသည်တို့နှင့် ဆက်နွယ်သည်ကို တွေ့ရှိရသည်။ အဖြူရောင်နှင့် ပန်းရောင်တို့ကို ပေါင်းစပ်မှုသည် အပြစ်ကင်းမှုကို ကိုယ်စားပြုပြီး အနက်ရောင်နှင့် ပန်းရောင်အား ပေါင်းစပ်မှုသည် သွေးဆောင်ဖြားယောင်းမှုကို ကိုယ်စားပြုသည်။ ၂၁ ရာစုနှစ်တွင် ပန်းရောင်သည် မိန်းမသားဆန်မှု၏ သင်္ကေသအဖြစ် ရှုမြင်ကြသည်။ သို့သော် ၁၉၂၀ ခုနှစ်များတွင် ယောက်ျားဆန်မှုအဖြစ် ဖော်ပြခဲ့ကြသည်။

Pink
 
About these coordinates     ရောင်စဉ်တန်း ကိုဩဒိနိတ်များ
Hex triplet#FFC0CB
sRGBB (r, g, b)(255, 192, 203)
HSV (h, s, v)(350°, 25%, 100%)
CIELChuv (L, C, h)(84, 39, 1°)
ရင်းမြစ်HTML/CSS[၁]
B: Normalized to [0–255] (byte)

ကိုးကား ပြင်ဆင်ရန်

  1. W3C TR CSS3 Color Module, HTML4 color keywords။ W3.org။ 2010-09-11 တွင် ပြန်စစ်ပြီး။