(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ဖြစ်ပေါ်လာကုန် သော အကုသိုလ်တရားတို့ ကုသိုလ်စိတ်ကိုကုန်စေ၍ မတည်နိုင်အောင် ရဟန်းပြုခြင်းအားလျောက်ပတ်သော စိတ် ၁၀-မျိုးဖြင့် မိမိ၏စိတ်ကို အဖန်ဖန်ဆည်းပူးလေ့ကျက်ရမည်။ ထိုသို့ အဖန်ဖန် လေ့ကျက်ဆည်းပူးသောရဟန်းသည် အရဟတ္တဖိုလ်နှင့် အနာဂါမိဖိုလ်တစ်မျိုးမျိုးကို မျက်မှောက်ဘဝမှာပင် ရနိုင်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အလောင်းတော်မြတ် ရဟန်းပြုပြီး မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော်သို့ ကြွရောက်ပုံ၊ ဗိမ္ဗိသာရမင်း စုံစမ်းမေးမြန်းပုံ၊ မင်းစည်းစိမ်ဖြင့် ဖိတ်ကြားပုံ၊ ပဓာနလုပ်ငန်းအားထုတ်ရန် ကြွမည်ဟု မိန့်ကြားတော်မူပုံတို့ကို အရှင်အာနန္ဒာထေရ်အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များရှိပါသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၃၊၃၄၁-၂။ အံ၊မြန်၊၃၊၃၄၀-၁။ အံ၊ဋ္ဌ၊၃၊၃၁၆။ -အင်္ဂုတ္တရနိကာယ၊ ဒသကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၆)၁-သစိတ္တဝဂ္ဂ၊ နဝမသုတ်။
  2. -သုတ္တနိ၊၃၄၀-၁။ သုတ္တနိ၊မြန်၊၃၂၀-၁။ သုတ္တနိ၊ဋ္ဌ၊၂၊၁၁၀-၄။ -ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ၊ ၃-မဟာဝဂ္ဂ၊ ပဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ