ပရယုဒ် ကျန်အိုချာ

ယခင်ထိုင်းဝန်ကြီးချုပ်
(ပရယုဒ္ဓ စန္ဒြဩဇာ မှ ပြန်ညွှန်းထားသည်)

ပရယုဒ္ဓ စန္ဒြဩဇာ(ထိုင်း: ประยุทธ์ จันทร์โอชา ပရးယုဒဓ် စန်ဒရ်သြဇာ; သင်္သကရိုက်: Prayuddha Candraojā ပြယုဒ္ဓ စန္ဒြဩဇာ) သို့မဟုတ် ပရယုဒ် ကျန်အိုချာ(အင်္ဂလိပ်: Prayut Chan-o-cha)သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ခုနှစ်မှ ၂၀၂၃ခုနှစ်အထိ တာဝန်ထမ်း​ဆောင်ခဲ့သူ ဖြစ်သည်။[၁] ၂၀၁၀ခုနှစ်မှ စတင်ကာ ထိုင်းဘုရင့်တပ်မ​တော်၏ ကာကွယ်​ရေးဦးစီးချုပ်တာဝန် ထမ်း​ဆောင်ခဲ့သူဖြစ်သည်။၂၀၁၄ခုနှစ် ယင်လပ်အစိုးရကိုဖြုတ်ချကာ အာဏာသိမ်းယူပြီး ​နောက်ပိုင်းတွင် ထိုင်းနိုင်ငံ၏ ၂၉​ယောက်​မြောက်ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂၀၂၂ခုနှစ် ဩဂုတ်လ ၂၄ရက်မှ စက်တင်ဘာ ၃၀ရက်​နေ့အတွင်းတွင် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဆိုင်ရာခုံရုံးက ရာထူးကို ဆိုင်းငံ့ထားသည်။ သို့ရာတွင် ၂၀၂၂ခုနှစ် ​အောက်တိုဘာ ၁ရက်​နေ့တွင် ပြန်လည်ရုံးထိုင်နိုင်​ကြောင်း ဆုံးဖြတ်ခဲ့သည်။[၂] ၂၀၂၃​ရွေး​ကောက်ပွဲအပြီးတွင် ၎င်း၏ပါတီက အမတ်​နေရာအများစု အနိုင်မရခဲ့ပြီး​နောက်တွင် သူ့အ​နေဖြင့် နိုင်ငံ​ရေးမှအနားယူပြီဖြစ်​ကြောင်း ဇူလိုင်လ၌ ​ကြေညာခဲ့သည်။ ထိုင်းနိုင်ငံ အစိုးရအဖွဲ့သစ်​ပေါ်​ပေါက်မလာမီအထိ ဝန်ကြီးချုပ်အဖြစ် ဆက်လက်တာဝန်ယူခဲ့သည်။[၃]

​ပရယုဒ္ဓ စန္ဒြဩဇာ
ประยุทธ์ จันทร์โอชา
ထိုင်းနိုင်ငံ၏ ၂၉​ယောက်​မြောက်ဝန်ကြီးချုပ်
တာဝန်သက်တမ်း
၂၂ ​မေ ၂၀၁၄ – ၂၂ ဩဂုတ် ၂၀၂၃
ဧကရာဇ်ဘူမိဗလအတုလျတေဇ
ဝဇိရာလင်္ကရဏ
ယခင်လူဘွန်ဆိုင်ပန်ဆင်  (ယာယီ)
ယင်လပ် ရှင်နာဝပ်
ဆက်ခံသူဆေထာ ထဝီဆင်
ကာကွယ်​ရေးဝန်ကြီး
တာဝန်သက်တမ်း
၁၀ ဇူလိုင် ၂၀၁၉ – ၁ စက်တင်ဘာ ၂၀၂၃
ထိုင်းဘုရင့်တပ်မ​တော် ကာကွယ်​ရေးဦးစီးချုပ်
တာဝန်သက်တမ်း
၁ ​​အောက်တိုဘာ ၂၀၁၀ – ၃၀ စက်တင်ဘာ ၂၀၁၄
ဝန်ကြီးချုပ်အဘီစစ် ဝိဇ္ဇာဇီဝ
ယင်လပ် ရှင်နာဝပ်
ယခင်လူအနူ​ဖောင်း ​ပေါင်ချန်ဒတ်ချ်
ဆက်ခံသူအူ​ဒေါင်ဒတ် စီတဘူတာ
နိုင်ငံ​တော်​အေးချမ်းသာယာ​ရေး​ကောင်စီ၏ ​အကြီးအကဲ
တာဝန်သက်တမ်း
၂၂ ​မေ ၂၀၁၄ – ၁၆ ဇူလိုင် ၂၀၁၉
ယခင်လူရာထူးစတင်
ဆက်ခံသူရာထူးဖျက်သိမ်း
ကိုယ်ရေး အချက်အလက်များ
မွေးဖွား (1954-03-21) ၂၁ မတ်၊ ၁၉၅၄ (အသက် ၆၉)
နဂရရာဇသီမာထိုင်းနိုင်ငံ
အရပ်အမြင့်၁.၇၅ m (၅ ft ၉ in)
ကြင်ဖော်(များ)နာရာပွန်ချန်အိုချာ
သားသမီး
မိခင်ကျောင်းထိုင်းအမျိုးသားကာကွယ်​ရေး​ကောလိပ်
ချူလာခန်ခလို ​တော်ဝင်စစ်တက္ကသိုလ်
ကြွယ်ဝချမ်းသာမှုအ​မေရိကန်​ဒေါ်လာ ၄.၆မီလီယံ(၂၀၁၄)
လက်မှတ်
စစ်မှုထမ်းခြင်း
သစ္စာခံနိုင်ငံထိုင်း
တပ်/တပ်ဖွဲ့ခွဲထိုင်းဘုရင့်တပ်မ​တော်
အမှုထမ်းကာလ၁၉၇၂-၂၀၁၄
ရာထူးဗိုလ်ချုပ်ကြီး
Commandsတပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်

သူသည် ယခင်က ထိုင်းဘုရင့်တပ်မ​တော်၏ ကာကွယ်​ရေးဦးစီးချုပ်ဖြစ်ပြီး ၂၀၁၀ ​အောက်တိုဘာလမှ ၂၀၁၄​အောက်တိုဘာလအထိ တာဝန်ထမ်း​ဆောင်ခဲ့သည်။[၄][၅]တပ်မ​တော်၏ ကာကွယ်​ရေးဦးစီးချုပ်ဖြစ်လာပြီး​နောက် ​တော်ဝင်စည်းကမ်းနည်းကျစွာ လိုက်နာသူအဖြစ် ​တွေ့ခဲ့ရပြီး ယခင်ဝန်ကြီးချုပ် သက်ဆင်ရှင်နာဝပ်၏ ပြိုင်ဘက်ဖြစ်သည်။ [၆] စစ်တပ်အတွင်း သ​ဘောထား တင်းမာသူတစ်ယောက် ဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် နိုင်ငံ​ရေးအကြပ်အတည်းများ ထိုင်းနိုင်ငံတွင်ဖြစ်​ပေါ်ခဲ့သည်။ ယင်လပ်အစိုးရကို ဆန့်ကျင်မှုများ နိုင်ငံတစ်ဝန်း​ပေါ်​ပေါက်လာသည်။ ထိုစစ်က စစ်တပ်အ​နေဖြင့် ဝင်​​ရောက်စွက်ဖက်ခြင်း မရှိခဲ့​ပေ။၂၀၁၄ခုနှစ်​မေလတွင်မူ ပရာယွတ်အ​နေဖြင့် စစ်တပ်က နိုင်ငံ​တော်အာဏာ အရပ်ရပ်ကို သိမ်းယူ​ကြောင်း​ကြေညာခဲ့သည်။ ထို့​နောက် နိုင်ငံ​တော်​အေးချမ်းသာယာ​ရေး​ကောင်စီကို ဖွဲ့စည်းခဲ့ကာ အကြီးအကဲတာဝန်ယူခဲ့သည်။[၇]ထို့​နောက် ၂၀၁၄ ကြားဖြတ်အစိုးရဥပ​ဒေကို ​ကြေညာကာ ရာထူးအာဏာများစွာ ကိုင်တွယ်ခဲ့သည့်အပြင် အာဏာသိမ်းခဲ့၍ အ​ရေးယူခြင်းမှ ကာကွယ်ခဲ့သည်။[၈] ၂၀၁၄ ခုနှစ် ဩဂုတ်လတွင် ထိုင်းအမျိုးသားလွှတ်​တော်ကို ပရာယွတ်မှ စိတ်ကြိုက် ​ရွေးချယ်ထား​သော လူများဖြင့် ဖွဲ့စည်းသည်။ ထို့အပြင် ကိုယ်တိုင်လည်း ဒီမိုက​ရေစီမဆန်စွာဖြင့် ဝန်ကြီးချုပ်ရာထူး ရယူခဲ့သည်။[၉][၁၀]

အာဏာရယူအပြီးတွင် သ​ဘောထားကွဲလွဲမှုများကို နှိမ်နှင်းခဲ့သည်။[၁၁]

စစ်ပညာသင်ဘဝ ပြင်ဆင်ရန်

​ပရာယွတ်ချန်အိုချာမှာ ကြည်းတပ်​လေ့ကျင့်​ရေး​​ကျောင်း (AFAPS)၏ အပတ်စဉ်၁၂၊​လေ့ကျင့်​ရေး​ကောလိပ် အပတ်စဉ် ၆၃၊ အမျိုးသားကာကွယ်​ရေး​ကောလိပ်နှင့် ကြည်းတပ်အရာရှိ အ​ခြေခံသင်တန်း၊ ကြည်းတပ်အရာရှိ အဆင့်မြင့်သင်တန်း စသည်ဆို့တွင် သင်ယူခဲ့သည်။ ချူလာခန်ခလို ​တော်ဝင်စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ (bachelor of science) ဖြင့် ဘွဲ့ရရှိခဲ့သည်။[၁၂]

သူ၏​ရှေ့မှ လူများကဲ့သို့ပင် ပရာယွတ်မှာ စစ်ဆပ်၏ "eastern tigers"ဖြစ်သည်။ ပရာယွတ်သည် သူ၏ တပ်မ​တော်သားဘဝကို ကြည်းတပ်ဌာနချုပ်၂ရှိရာ ထိုင်းနိုင်ငံ အ​ရှေ့ပိုင်းတွင် စတင်ခဲ့သည်။ [၁၃][၁၄][၁၅][၁၆]

တပ်မ​တော်သားဘဝ ပြင်ဆင်ရန်

 

ချူလာခန်ခလို ​တော်ဝင်စစ်တက္ကသိုလ်မှ ဘွဲ့ရရှိပြီး​နောက် (၂၁)ကြည်းတပ်မဟာတွင် တာဝန်ထမ်း​ဆောင်ခဲ့သည်။ ထိုတပ်မဟာမှာ မိဖုရား၏အ​စောင့်တပ် (သို့မဟုတ်) လက်​ဖြောင့်တပ်သားများ အဖြစ်သတ်မှတ်ခံရသည်။၂၀၀၂ခုနှစ်တွင် လက်​ထောက် ညွှန်ကြား​ရေးဗိုလ်ချုပ်အဖြစ် အမှတ်(၂) ကြည်းတပ်ဌာနတွင် တာဝန်ထမ်း​ဆောင်ခဲ့သည်။၂၀၀၅ခုနှစ်တွင် အမှတ်(၂) ကြည်းတပ်ဌာနအပါအဝင် တပ်မဟာ၏ လက်​ထောက် ညွှန်ကြား​ရေးဗိုလ်ချုပ်ဖြစ်လာပြီး တစ်နှစ်အတွင်း၌ပင် ညွှန်ကြား​ရေးဗိုလ်ချုပ်ဖြစ်လာသည်။

တပ်မ​တော် ပေါင်းစပ်ညှိနှိုင်းရေး အရာရှိချုပ်အဖြစ် ၂၀၀၈မှ ၂၀၀၉ ခုနှစ်အထိ တာဝန်ထမ်း​ဆောင်ခဲ့သည်။၂၀၁၀ခုနှစ် ​အောက်တိုဘာလတွင် ယခင်ကာကွယ်​ရေးဦးစီးချုပ် အနူ​ဖောင်း ​ပေါင်ချန်ဒတ်ချ်ကိုဆက်ခံကာ ထိုင်းဘုရင့်တပ်မ​တော်အတွင်း အမြင့်ဆုံးရာထူးဖြစ်​သော တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်ဖြစ်လာသည်။

တပ်မ​တော်ပြင်ပ လှုပ်ရှားမှုများ ပြင်ဆင်ရန်

၂၀၀၆ အာဏာသိမ်းပွဲပြီး​နောက် ပရာယွတ်ကို ထိုင်းဥပ​ဒေပြုလွှတ်​တော်တွင် ခန့်ထားခဲ့သည်။ဤအ​တောအတွင်း သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ​ကော်မတီတွင် လုပ်ကိုင်ခဲ့သည်။ ထို့အပြင် ကုမ္ပဏီအချို့၏ အုပ်ချုပ်​ရေးအရာရှိလည်း လုပ်ခဲ့သည်။၂၀၀၇ခုနှစ်မှ ၂၀၁၀ခုနှစ်အထိ ထိုင်းဝွိုင်း (Thai Oil)ကုမ္ပဏီ၏ ဒါရိုက်တာ၊ ၂၀၁၀ခုနှစ် ​အောက်တိုဘာ ၇ရက်​နေ့မှစ၍ ထိုင်းစစ်တပ်ဘဏ်၏ ဒါရိုက်တာ၊ စစ်တပ်​ဘောလုံးအသင်း၏ ဥက္ကဋ္ဌ များအဖြစ်အဖြစ် ​ဆောင်ရွက်ခဲ့သည်။[၁၂] ၂၀၁၃ခုနှစ် ​မေလတွင် ဘန်​ကောက်မြို့ ဆင်​ခြေဖုံး​နေရာရှိ ​မြေကွက် ၉ကွက်ကို ဘတ် ၆၀၀မီလီယံဖြင့်​ ​ရောင်းချခဲ့သည်။​နောက်ပိုင်းတွင် သတင်း​ထောက်များက ထိုအ​ကြောင်းကို ​မေးမြန်းခဲ့ရာ "ထို​မြေကို ငယ်စဉ်ကပင် ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်​ကြောင်း၊ ထို​မြေကို သူ၏အ​ဖေပိုင်ဆိုင်သဖြင့် ပြဿနာကဘာလဲ"ဟု ​မေးခွန်းထုတ်ကာ သူ့ကို​ဝေဖန်တာ​တွေ ရပ်တန့်ရန် ​ပြောခဲ့သည်။[၁၇]

၂၀၁၄ ခုနှစ် စက်တင်ဘာ၄ရက်​နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်​ရေး​ကော်မရှင်၏ ​ကြေညာချက်အရ ပရာယွတ်တွင် ၁၂၈.၆ မီလီယံ ဘတ် (US$ ၃.၉မီလီယံ) ရှိသည်။[၁၈]သူ၏ ပိုင်ဆိုင်မှုတွင် မာစီဒီး ဘန့် S600Lတစ်စီး၊ဘီအမ်ဒဘလျူ 740Li စီဒန်တစ်စီး၊​နောက်ထပ် ယာဉ်၃စီး၊ဘတ် ၃မီလီယံ တန်ဖိုးရှိ ဇိမ်ခံ လက်ပတ်နာရီ ၉လုံး၊His[၁၉] US$၂သိန်းတန်ဖိုးရှိ လက်ဝတ်လက်စားများနှင့် ပစ္စတို​သေနတ်များ ပါရှိသည်။ ထို့အပြင် ၄၆၆.၅ မီလီယံဘတ် (US$ ၁၄.၃ မီလီယံ) ကို အခြားမိသားစုဝင်ထံသို့ လွှဲ​ပြောင်းထား​ကြောင်းလည်း​တွေ့ခဲ့ရသည်။ တပ်မ​တော် ကာကွယ်​ရေးဦးစီးချုပ်အ​နေဖြင့် စက်တင်ဘာလကုန်အထိ တာဝန်ယူခဲ့စဉ်က လစာမှာ ၁.၄ မီလီယံဘတ် (US$၄၃၀၀၀)ကို နှစ်စဉ်ရရှိသည်။[၁၇][၂၀]

၂၀၁၄ အာဏာရယူအပြီး ​ပရာယွတ်မှာ ရုပ်မြင်သံကြား အစီအစဉ်တစ်ခုတွင် ထင်ရှားခဲ့သည်။

၂၀၁၄ အာဏာသိမ်းယူခြင်း ပြင်ဆင်ရန်

 
၂၀၁၁က ပရာယွတ်

၂၀၁၃-၂၀၁၄ ထိုင်းနိုင်ငံ​ရေး ပြဿနာများအတွင်း ​ပရယုဒ္ဓအနေဖြင့် ရှပ်နီ-ရှပ်ဝါများကို ​စေ့စပ်ညှိနှိုင်း​ရန် ကြိုးစားခဲ့သည်။ သို့​သော် မ​အောင်မြင်ခဲ့၍ ၂၀၁၄ အာဏာသိမ်းမှုကို ကြံစည်ခဲ့သည်။၂၀၁၄ခုနှစ် ​မေလ ၂၂ရက်တွင် ဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်၏ ယင်လပ်အစိုးရကို ဖြုတ်ချကာ အာဏာသိမ်းယူခဲ့သည်။ ယင်လပ်အ​နေဖြင့် ထိုမတိုင်မီကပင် နိုင်ငံ​တော်ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေဆိုင်ရာခုံရုံး၏ တာဝန်မှရပ်စဲခြင်းခံခဲ့ရသည်။ သူ့​နေရာတွင် ဘွန်ဆိုင်ပန်ဆင်က ယာယီတာဝန်ယူထားသည်။ ​ပရယုဒ္ဓက ၂၀၀၇ခုနှစ် ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ရုပ်သိမ်းကာ နိုင်ငံ​တော်​အေးချမ်းသာယာ​ရေး​ကောင်စီကို ဖွဲ့စည်းခဲ့သည်။ သူကိုယ်တိုင်လည်း အကြီးအကဲ​နေရာ ရယူခဲ့သည်။[၂၁] ​ပရာယွတ်အနေဖြင့် သူ့အား​ဝေဖန်လာမည့်အ​ရေးများ၊သ​ဘောထားကွဲလွဲမှုများကို ချက်ချင်း ထိန်းချုပ်ခဲ့သည်။ မီဒီယာထိန်းချုပ်မှု၊ အင်တာနက် ဆင်ဆာထိန်းချုပ်မှု၊ညမထွက်ရ အမိန့်များကို နိုင်ငံတစ်ဝန်း ချမှတ်မှု၊၅​ယောက်ထက်ပို၍ လူစုခြင်းမပြုရန် တားမြစ်မှုများ အပြင် နိုင်ငံ​ရေးသမားအချို့နှင့် အာဏာသိမ်းဆန့်ကျင်သူများကို ဖမ်းဆီးခြင်းများ လုပ်ကိုင်ခဲ့သည်။ အချို့သူများမှာ စစ်ခုံရုံးများတွင် စွဲချက်တင်ခံရသည်။[၂၂][၂၃][၂၄]

၂၀၁၄ခုနှစ် ဇူလိုင် ၂၂ရက်​နေ့တွင် ၂၀၁၄ ကြားဖြတ်အစိုးရ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ထုတ်ပြန်ခဲ့သည်။ အာဏာသိမ်းမှုနှင့် ပတ်သက်၍ သူ့ကိုအ​ရေးယူခြင်းမရှိ​စေရန် ကာကွယ်ထားပြီး အစိုးရအဖွဲ့အတွင်း အာဏာအပြည့်အဝယူထားသည်။[၂၅] ဇူလိုင် ၃၁ ရက်​နေ့တွင် ဥပ​ဒေပြုလွှတ်​တော်တစ်ခုကို အ​ခြေခံဥပ​ဒေအရ ဖွဲ့စည်းခဲ့သည်။ သို့​​သော် အမတ်များမှာ တပ်မ​တော်နှင့် ရဲအရာရှိများဖြစ်သည်။ ​ပရာယွတ်၏ ညီဖြစ်သူအပါအဝင် ​ပရယုဒ္ဓမှ စိတ်ကြိုက်​ရွေးချယ်ထားသူများဖြစ်သည်။[၂၆][၂၇]အမတ်များမှာ ​ပရာယွတ်နှင့် နီးကပ်သူများဖြစ်သဖြင့် သူ့အား ဝန်ကြီးချုပ်အဖြစ် တညီတညွတ်တည်း ​ရွေး​ကောက်ခဲ့ကြသည်။ ဝန်ကြီးချုပ်အဖြစ် ၂၀၁၄ခုနှစ် ဩဂုတ်လ ၂၄ရက်တွင် ခန့်အပ်ခံခဲ့ရသည်။[၂၈][၂၉]ထို​ကြောင့် ​ပရယုဒ္ဓအနေဖြင့် ရာထူး၃ခုကိုတစ်ပြိုင်နက် ချုပ်ကိုင်ထားခဲ့သည်။ တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ်၊ နိုင်ငံ​တော်​အေးချမ်းသာယာ​​ရေး​ကောင်စီ၏ အကြီးအကဲ၊ နိုင်ငံ​တော် ဝန်ကြီးချုပ်တို့ဖြစ်သည်။[၃၀]၂၀၁၄ခုနှစ် ​အောက်တိုဘာတွင် တပ်မ​တော်ကာကွယ်​ရေးဦးစီးချုပ် ​နေရာအား စွန့်လွှတ်ခဲ့သည်။

သို့​သော် သူ၏အစိုးရအဖွဲ့အတွင်း အကျင့်ပျက်ခြစားမှုများစွာ ရှိ​နေခဲ့သည်။ သူ၏ အစိုးရအဖွဲ့ဝင်များ၊ ​ပရာယွတ်၏ ညီဖြစ်သူ ပရီချာ ချန်အိုချာ အပါအဝင် လွှတ်​တော်တွင်းရှိ အမတ်များ၊ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာန ဝန်ကြီးတို့ပါ ခြစားမှု အရှုပ်​တော်ပုံတွင် ပါဝင်​နေကြသည်။[၃၁]​ပရယုဒ္ဓအနေဖြင့် သူ၏အစိုးရကို ​ဝေဖန်​သော မည်သည့်အ​ကြောင်းအရာ၊ လူပုဂ္ဂိုလ်ကိုမဆို တားမြစ်ထားသည်။ [၁၁] ၂၀၁၅ခုနှစ် ​ဖေ​ဖော်ဝါရီလတွင် ပရာယွတ်က လူများအ​နေဖြင့် မိမိတို့သ​ဘောထားကို ​ပြောဆိုနိုင်​ကြောင်း၊ သို့​သော် ​နိုင်ငံ​တော် ​အေးချမ်းသာယာ​ရေး​ကောင်စီကို ဆန့်ကျင်လျှင်မူ ခွင့်မပြုနိုင်​ကြောင်းဆိုခဲ့သည်။[၃၂]

​နိုင်ငံ​တော် ​အေးချမ်းသာယာ​ရေး​ကောင်စီနှင့် အစိုးရအဖွဲ့အတွင်း သူ၏ အကြီးအကဲ​နေရာ​ကြောင့် လစာ ဘတ်၁၂၅၅၉၀ (US$၃၅၂၀) လစဉ် ရရှိသည်။ ထို့အပြင် စစ်တပ်အငြိမ်းစား ခံစားခွင့်များလည်းရရှိကြသည်။[၃၃]

သူ၏ ပထမဆုံး နိုင်ငံတကာ စာမျက်နှာအဖြစ် မီလန်မြို့တွင် ၂၀၁၄ခုနှစ် ​အောက်တိုဘာ ၁၆ရက်​နေ့က ကျင်းပ​သော ဒဿမ​မြောက် ​အေဆမ်အစည်းအ​ဝေးသို့ တက်​ရောက်ခဲ့သည်။[၃၄]

"ပြည်သူများထံ​ပျော်ရွှင်မှုများ ပြန်လည်​ရောက်ရှိခြင်း" မိန့်ခွန်းများ ပြင်ဆင်ရန်

 
ပရာယွတ်နှင့် အားကစားနှင့်ခရီးသွားလာ​ရေးဝန်ကြီး

၂၀၁၄ခုနှစ် ​မေလ ၃၀ရက်​နေ့တွင် သူ၏ ​သောကြာ​နေ့ညမိန့်ခွန်းများကို နိုင်ငံပိုင် ရုပ်သံလိုင်းမှတစ်ဆင့် စတင်​ပြောကြားခဲ့သည်။ တစ်ခါတစ်ရံတွင် ၁နာရီထက်ပိုမို၍ ​ပြောကြားတတ်သည်။ ထိုမိန့်ခွန်းများတွင် အစိုးရအဖွဲ့၏ မူဝါဒများ၊ မီဒီယာများ၏ အစိုးရဆန့်ကျင်​ရေးအစီအစဉ်များကို စိုးရိမ်ခြင်း ​အ​ကြောင်း စသည်တို့ပါဝင်သည်။ ၂၀၁၅ခုနှစ် မတ်လတွင် သူ၏ ​သောကြာည မိန့်ခွန်းများကို ၂၀ (သို့မဟုတ်) ၃၀မိနစ် အထိ​လျော့ချကာ ဝန်ကြီးများ ကိုယ်တိုင်မိန့်ခွန်း​ပြောခြင်းကို ထည့်သွင်းရန် ​ကြေညာခဲ့သည်။

အပိုဒ် ၄၄ ပြင်ဆင်ရန်

၂၀၁၅ခုနှစ် မတ်လ ၃၁ရက်​နေ့တွင် ​ပရယုဒ္ဓက သူ့အ​နေဖြင့် စစ်အာဏာသိမ်းခြင်းကို ပြန်ရုပ်သိမ်းရန် ဘုရင့်ထံမှ အမိန့်ရခဲ့​ကြောင်း ​ကြေညာခဲ့သည်။

 
ဝါရှင်တန်တွင် ​တွေ့ရ​သော ပရာယွတ်

အရပ်သား လွတ်လပ်ခွင့် ပြင်ဆင်ရန်

၂၀၁၅ခုနှစ် ​ဖေ​ဖော်ဝါရီတွင် မီဒီယာသတင်းများကို ပိတ်ပင်ရန် သူ့တွင် လုပ်ပိုင်ခွင့်အပြည့်ရှိ​ကြောင်း ​ကြေညာခဲ့သည်။

စီးပွား​ရေးမူဝါဒများ ပြင်ဆင်ရန်

 

​ပရယုဒ္ဓက ထိုင်းနိုင်ငံ၏ စီးပွား​ရေးကျဆင်းမှုမှာ သူတို့အစိုးရ​ကြောင့်မဟုတ်ဘဲ ကမ္ဘာ့စီးပွား​ရေးအ​ခြေအ​နေ​ကြောင့်ဖြစ်​ကြောင်း ​​ပြောဆိုထားသည်။ ထိုင်း လယ်သမားများကို ကူညီ​ပေးခြင်း၊ ထိုင်းစက်ရုံများမှ ​ဈေးနည်းပြီး အရည်အ​သွေး​ကောင်း​သောပစ္စည်းများထုတ်လုပ်ခြင်းဖြင့် ထိုင်းနိုင်ငံကို အလတ်တန်းစားစီးပွား​ရေးနိုင်ငံမှ အထက်တန်းစား စီးပွား​ရေးနိုင်ငံဖြစ်ရန် ရည်မှန်းချက်ကို ​ဖော်ပြခဲ့သည်။

၂၀၁၉ ​ရွေး​ကောက်ပွဲ ပြင်ဆင်ရန်

​ပရယုဒ္ဓက သူ၏​ရွေး​ကောက်ပွဲအပြီးဆန္ဒကို ထုတ်​ဖော်​ပြောခဲ့သည်။၂၀၁၇ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေအရ အထက်လွှတ်​တော်ကို အမျိုးသားငြိမ်ဝပ်ပိပြား​ရေး​ကောင်စီမှ ခန့်အပ်ပြီး ဝန်ကြီးချုပ်ကို ​အောက်လွှတ်​တော်မှ ​ရွေးချယ်မည်။[၃၅]ပါတီများမှ သူတို့၏ ဝန်ကြီးချုပ်​လောင်းများကို တင်သွင်းနိုင်ပြီး ပါတီမရှိသူများလည်း တင်သွင်းနိုင်သည်။

၂၀၁၈ နိုဝင်ဘာလတွင် ဒုဝန်ကြီးချုပ်က ​နောက်လာမည့် ဝန်ကြီးချုပ်သည် ​ပရယုဒ္ဓအတိုင်းဖြစ်မည်ဟု ယုံကြည်​ကြောင်း ​ပြောကြားခဲ့သည်။ [၃၆]

ဇန်နဝါရီ ၂၀၁၉ခုနှစ် ​နောက်ပိုင်းတွင် ​ပရယုဒ္ဓအစိုးရမှ ဝန်ကြီး၄​ယောက်သည် ​ရွေး​ကောက်ပွဲကိစ္စအတွက် ရာထူးမှနုတ်ထွက်ခဲ့ကြသည်။ [၃၇]​နောက်​နေ့တွင် ၎င်းတို့ပါတီ၏ ဝန်ကြီးချုပ်​လောင်းများတွင် ပရာယွတ်လည်း ပါဝင်ခဲ့သည်။ [၃၈]

​ဝေဖန်မှုများ ပြင်ဆင်ရန်

​ပရယုဒ္ဓကို အ​ကြောက်လွန်ပြီး မတည်ငြိမ်သူဟု ​ဖော်ပြကြသည်။

ပုဂ္ဂိုလ်​ရေးရာ ပြင်ဆင်ရန်

​ပရယုဒ္ဓ၏ အမည်​ပြောင်မှာ တူး (အင်္ဂလိပ်: Tuu၊(ထိုင်း: ตู่; RTGSTu)ဖြစ်သည်။ သူသည် နရာဖွန် ချန်အိုချာနှင့် လက်ထပ်ခဲ့သည်။ နရာဖွန်မှာ ယခင်က စစ်သားများ၏ အမျိုးသမီးများအသင်းတွင် ဥက္ကဋ္ဌဖြစ်သည်။ ​ပရယုဒ္ဓ စစ်ဦးစီးချုပ် စဖြစ်သည့် ၂၀၁၀တွင် စတင်ခဲ့ခြင်းဖြစ်သည်။ သူတို့တွင် အမွှာ သမီး၂​ယောက်ရှိသည်။

ကိုးကား ပြင်ဆင်ရန်

  1. "Army chief retires after four turbulent years"၊ The Nation၊ 30 September 2014။ Archived from the original on 26 December 2018။ 
  2. "ထိုင်းဝန်ကြီးချုပ်ရာထူးမှဆိုင်းငံ့ခံခဲ့ရသည့် ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်အဖြစ်ပြန်လည်ရုံးထိုင်နိုင်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက အမိန့်ချမှတ်"။ 
  3. ထိုင်းဝန်ကြီးချုပ် ပရာယွတ် နိုင်ငံရေးက အနားယူ
  4. Fredrickson၊ Terry။ "Gen Prayut takes command"၊ Bangkok Post၊ 1 October 2010။ 
  5. Corben၊ Ron။ "Thailand's new army chief takes office"၊ Deutsche Welle၊ 1 October 2010။ Archived from the original on 22 May 2014။ 
  6. Chico Harlan။ "Behind Thailand's coup is a fight over the king and his successor. But it's hush-hush"၊ The Washington Post၊ 7 June 2014။ 
  7. You must specify title = and url = when using {{cite web}}. (in Thai)။ Komchadluek (22 May 2014)။ 22 May 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  8. "Military dominates new Thailand legislature"၊ BBC News၊ 1 August 2014။ Archived from the original on 2 August 2014။ 
  9. Prayut elected as 29th PMThe Nation (21 August 2014)။ 23 August 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  10. "Thailand's Junta Chief Chosen as Prime Minister"၊ Voice of America၊ 21 August 2014။ 
  11. ၁၁.၀ ၁၁.၁ "မော်ကွန်းတင်ပြီးမိတ္တူ" (in Thai)၊ Post Today၊ 19 September 2014။ 19 September 2014 တွင် ပြန်စစ်ပြီး။ Archived from the original on 26 December 2018။ 
  12. ၁၂.၀ ၁၂.၁ "Prayut Chan-O-Cha: Executive Profile & Biography"၊ Bloomberg BusinessWeek 
  13. Avudh Panananda။ "Is Prayut the best choice amid signs of Army rivalry?"၊ The Nation၊ 8 June 2010။ Archived from the original on 20 May 2014။ 
  14. "Thai military resists political pressure"၊ Asia Times Online၊ 13 October 2012။ Archived from the original on 21 February 2014။ 
  15. Wassana Nanuam။ "'Silent' military coup beats having a real one"၊ Bangkok Post၊ 12 December 2013။ 20 May 2014 တွင် ပြန်စစ်ပြီး 
  16. Wassana Nanuam။ "Will this crisis lead to another coup?"၊ Bangkok Post၊ 2 January 2014။ 
  17. ၁၇.၀ ၁၇.၁ "Prayuth Deflects Questions About 600 Million Baht Land Sale"၊ Khaosod English၊ 4 November 2014။ Archived from the original on 4 March 2016။ 
  18. "PM Prayuth ‘can justify personal wealth’"၊ Phuket News၊ Bangkok Post၊ 2014-11-01။ 
  19. "Prawit on his own in watch row"၊ Bangkok Post၊ 20 December 2017။ 
  20. Thai prime minister, an ex-general, is millionaire
  21. "Coup leader General Prayut is Thailand's new PM"၊ Southeast Asia Post၊ 21 August 2014။ Archived from the original on 23 August 2014။ 
  22. The Thai junta's latest crackdown on dissent is a bogus Facebook login buttonQuartz (26 June 2014)။ 25 တွင် ပြန်စစ်ပြီး။
  23. Thai military stifles dissentBBC (22 June 2014)။
  24. All crimes involving alleged lese majeste, sedition subjected to Military Court: Thai Coup makersPrachatai (25 May 2014)။ 25 August 2014 တွင် ပြန်စစ်ပြီး။
  25. Thai military announces new constitutionABC News (27 July 2014)။
  26. Warangkana Chomchuen and Wilawan Watcharasakwet (31 July 2014)။ Thai Junta Appoints New LawmakersThe Wall Street Journal[လင့်ခ်သေ]
  27. Meet our new lawmakersBangkok Post (1 August 2014)။
  28. Proclamation on Appointment of Prime Minister (pdf) (in Thai)။ Royal Thai Government Gazette။ Cabinet Secretariat (25 August 2014)။
  29. Prayuth officially appointed as 29th premierThe Nation (25 August 2014)။ 29 August 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  30. Prayut Chan-o-cha: Army Chief, Junta Leader, Prime MinisterKhaosod English (21 August 2014)။[လင့်ခ်သေ]
  31. Pavin Chachavalpongpun။ "Thai Junta Beset By Corruption Scandals"၊ The Diplomat၊ 12 October 2014။ 
  32. "Bangkok's Big Brother is watching you"၊ The Guardian၊ 22 March 2015။ 
  33. You must specify title = and url = when using {{cite web}}. (in Thai)။ Isra News (2 August 2014)။
  34. "Fury as Thai coup leader joins club of world leaders"၊ Straits Times၊ 16 October 2014။ 16 တွင် ပြန်စစ်ပြီး 
  35. "Young voters find voice"၊ Bangkok Post၊ 28 October 2018။ 
  36. Arunmas၊ Phusadee။ "Face of next PM will 'be similar to Prayut'"၊ Bangkok Post၊ 1 November 2018။ 
  37. Limited၊ Bangkok Post Public Company။ Palang Pracharath ministers resign from cabinet
  38. ကိုးကား အမှား - Invalid <ref> tag; no text was provided for refs named :0