(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် မလ္လနိုင်ငံ ကုသိနာရုံမြို့တော်အနီး အင်ကြင်းဥယျာဉ်တော်၌ ပရိနိဗ္ဗာန်ဝင်စံတော်မူချိန်

= ပစ္ဆိမဗုဒ္ဓဝစနကို မိန့်တော်မူပြီး သမာပတ် ၉-ပါးကို အနုလုံ ပဋိလုံ အစဉ်အတိုင်း ဝင်စားပြီး ပဌမဈာန်သမာပတ်မှ စတုတ္ထဈာန်သမာပတ်အထိ အစဉ်အတိုင်း ဝင်စားတော်မူပြီး စတုတ္ထဈာန်မှ ထတော်မူပြီးသည်၏အခြားမဲ့၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသည်။ ဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးနောက်

= သဟမ္ပတိဗြဟ္မာမင်းက “သဗ္ဗေဝ နိက္ခိပိဿန္တိ” အစရှိသော သံဝေဂဂါထာကိုလည်းကောင်း။

= သိကြားနတ်မင်းက “အနိစ္စာဝတ သင်္ခါရာ” အစရှိသော သံဝေဂဂါထာကိုလည်းကောင်း။

= အရှင်အာနန္ဒာမထေရ်က “တဒါ သိယံ” အရှိသော ဂါထာကိုလည်းကောင်း။

= အရှင်အနုရုဒ္ဓါမထေရ်က “နာဟု အဿာသပဿာသော” အစရှိသော ၂-ဂါထာကိုလည်းကောင်း အသီးသီး ရွတ်ဆိုပူဇော်ပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌လည်း မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ပါရှိပါသည်။


[၂] အရှင်အာနန္ဒာ ဝံသနိုင်ငံ ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အရှင်ဥဒါယီ၏ မေးလျှောက်ချက်အရ သမာပတ်ရှစ်ပါးနှင့် သညာဝေဒယိတနိရောဓသမာပတ်ကို ဝင်စားခြင်း၊ ပညာဖြင့်သိမြင်၍ အာသဝေါ တရားတို့ ကုန်ခမ်းခြင်းကို “ပရိနိဗ္ဗာနဟု မိန့်ကြားတော်မူသည့်သုတ်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၁၅၉-၁၆၁။ သံ၊မြန်၊၁၊၁၅၁-၂။ သံ၊ဋ္ဌ၊၁၊၂၀၄-၆။ သံ၊ဋီ၊၁၊၂၅၁-၃။ -သံယုတ္တနိကာယ၊ သဂါထာဝဂ္ဂသံယုတ္တ၊ (၆) ဗြဟ္မသံယုတ္တ၊ ၂-ဒုတိယဝဂ္ဂ၊ ပဉ္စမသုတ်။
  2. -အံ၊၃၊၂၄၆။ အံ၊မြန်၊၃၊၂၄၅။ -အင်္ဂုတ္တရနိကာယ၊ နဝကနိပါတ၊ ပဌမပဏ္ဏာသက။ ၅-သာမညဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ