(၂)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရာဂ, ဒေါသ, မောဟတရားဆိုးတို့ လွှမ်းမိုးခံရသော ကုသိုလ်စိတ်ကုန်နေသော တပ်မက်မောသူ, စိတ်ဆိုးနေသူ, တွေဝေနေသူသည်

(က) မိမိ, သူတစ်ပါး နှစ်ဦးသား၏ ပျက်စီးအောင်အားထုတ်သူ။

(ခ) ကာယ, ဝစီ, မနောဒုစရိုက်များကို ပြုလုပ်, ပြောဆို, ကြံစည်သူ၊

(ဂ) မိမိ, သူတစ်ပါး နှစ်ဦးသားတို့၏အကျိုးစီးပွားကို အမှန်အတိုင်းမသိသူ ဖြစ်ပုံ။ ယင်း တရားဆိုးသုံးပါးကို ပယ်စွန့်လိုက်သောအခါ ထိုမလိုလားအပ်သော သဘာဝများ မဖြစ်တော့ခြင်းသည် သန္ဒိဋ္ဌိက, အကာလိက, ဧဟိပဿိက, ဩပနေယျိက, ပစ္စတ္တံ ဝေဒိတဗ္ဗဝိညူဟိ-ဖြစ်ပုံကို ဗြာဟ္မဏလူမျိုး ပရိဗ္ဗာဇကတစ်ဦး၏ မေးလျှောက်ချက်အရ ကဏှပက္ခ, သုက္ကပက္ခအားဖြင့် ဘုရားရှင် ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော် ဂိဇ္ဈကုဋ်တောင်၌ သီတင်းသုံးတော်မူစဉ် ဘုရားရှင်သည် သိပ္ပိနိကာမြစ်အနီး ထင်ရှားကျော်ကြားသော အန္နဘာရ အစရှိသော ပရိဗိုဇ်များနေရာ ပရိဗိုဇ်ကျောင်းသို့ကြွရောက်တော်မူပြီး “အဂ္ဂည, ရတ္တည, ဝံသည, ပေါရာဏိက-ဝိသညူသမဏဗြာဟ္မဏတို့ အပ္ပဋိကုဋ္ဌဖြစ်သော အနဘိဇ္ဈာ, အဗျာပါဒ, သမ္မာသတိ, သမ္မာသမာဓိ-ဟူသော တရားလေးမျိုးတို့ကို ယင်းတရား လေးမျိုးနှင့် ဆန့်ကျင်ဘက်တရားလေးမျိုးရှိသူကို သမဏဗြာဟ္မဏ-ဟူ၍ သတ်မှတ်သော အကြောင်းမရှိပုံ၊ ယင်းတရားလေးပါးတို့ကို ကဲ့ရဲ့တားမြစ်သောသူအား မျက်မှောက်ဘဝမှာပင် အဓမ္မိကဝါဒ, ကဲ့ရဲ့ဖွယ်အရာတို့ရောက်လာပုံ၊ ဥက္ကလာဇနပုဒ်သား မိစ္ဆာအယူ ၃-ပါးရှိသူ ဝဿနှင့်ဘည နှစ်ဦးတို့သည်ပင် သူတစ်ပါးတို့ ကဲ့ရဲ့စွပ်စွဲ ခြင်းမှကြောက်ခြင်းကြောင့် မပယ်ခဲ့ကြပုံကို အကျယ်တဝင့်ချဲ့ဖွင့်၍ ပရိဗိုဇ်တို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ရာတို့နှင့်တကွ မိစ္ဆာအယူရှိသူကို ဘုရားရှင်သည်ပင် အယူစွန့်ရန် မဟောနိုင်ပုံတို့ကို အကျယ်ဖွင့်ပြထားပါသည်။ [၃]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၁၅၇။ အံ၊မြန်၊၁၊၁၇၆-၇။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၆)၁-ဗြာဟ္မဏဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -အံ၊၁၊၃၃၈-၃၄၀။ အံ၊မြန်၊၁၊၃၅၄-၆။ အံ၊ဋ္ဌ၊၂၊၂၈၈-၉။ အံ၊ဋီ၊၂၊၂၇၇-၉ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၃-ဥရုဝေလဝဂ္ဂ၊ ဒသမသုတ်။
  3. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ