(၃)သုတ် ရှိပါသည်။

[၁] ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ ရာဂဝေပုလ္လတ္တ၊ ဒေါသ ဝေပုလ္လတ္တ၊ မောဟဝေပုလ္လတ္တ၊ ဂမ္ဘီရဌာနာဌာနတို့၌ ပညာမျက်စိ မဖြစ်မှုဟူသော တရားလေးပါး မိမိသန္တာန်၌ ရှုမြင်နေလျှင် ထိုဘိက္ခု၊ ဘိက္ခုနီသည် ကုသိုလ်တရား တို့မှဆုတ်ယုတ်၊ မိမိကိုဆုံးဖြတ်နိုင်ပုံနှင့် ရာဂတနုတ္တ၊ ဒေါသတနုတ္တ၊ မောဟတနုတ္တ၊ ဂမ္ဘီရဌာနာဌာနတို့၌ ပညာမျက်စိဖြစ်နေမှုဟူသော တရားလေးပါးတို့ မိမိသန္တာန်၌ ရှုမြင်နေသော ဘိက္ခု ဘိက္ခုနီသည် ကုသိုလ်တရားတို့မှ မဆုတ်ယုတ်တော့ဟု ဆုံးဖြတ်နိုင်ပုံ၊ ပရိဟာနဓမ္မ၊ အပရိဟာနဓမ္မတို့ကို ဘုရားရှင်ဟောတော်မူကြောင်း ရဟန်းတော်တို့အား အရှင်သာရိပုတ္တရာ ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ပညာစက္ခုအရ ဥဂ္ဂဟ ပရိပုစ္ဆာပညာနှင့် သမ္မသနပ္ပဋိဝေဓ ပညာစက္ခုတို့နှင့်တကွ ဖွင့်ဆိုချက်များရှိပါသည်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်-ကမ္မာရာမတာ၊ ဘဿရာမတာ၊ နိဒ္ဒါရာမတာ၊ သင်္ဂဏိကာရာမတာ၊ ဣန္ဒြိယေသုအဂုတ္တဒွါရတာ၊ သံဃကရဏီယ ထေရကိစ္စတို့၌ ကိုယ်တိုင် အားထုတ် ခြင်းဟူသော သေခပရိဟာနဓမ္မ ခုနစ်ပါးနှင့် သုက္ကပက္ခ သေခအပရိဟာနဓမ္မ ခုနစ်ပါးတို့ကို ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။


[၃] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်-ဘိက္ခုဒဿနဟာပန၊ သဒ္ဓမ္မဿဝနဟာပန၊ အဓိသီလ အသိက္ခန၊ ထေရ နဝ မဇ္ဈိမ ရဟန်းတို့အပေါ်၌ အပ္ပသာဒဗဟုလ၊ ဥပါရမ္ဘစိတ္တ၊ ရန္ဓာဂဝေသီစိတ္တတို့ဖြင့် ဓမ္မကိုနာယူခြင်း၊ ဗုဒ္ဓမြတ်စွာသာသနာတော်ပြင်ပ၌ အလှူခံပုဂ္ဂိုလ်ကိုရှာမှီးခြင်း၊ ထို၌ ကောင်းမှုပြုခြင်းဟူသော ဥပါသကာအဖြစ်မှ ဆုတ်ယုတ်နိုင်သောတရား ခုနစ်ပါးနှင့် ဥပါသကာအဖြစ်မှ မဆုတ်ယုတ်နိုင်သော တရားခုနစ်ပါးတို့ကို ကဏှပက္ခ, သုက္ကပက္ခနည်းဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များရှိပါသည်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၄၆၁-၂။ အံ၊မြန်၊၁၊၄၅၄။ အံ၊ဋ္ဌ၊၂၊၃၄၁။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၄-စတုတ္ထပဏ္ဏာသက၊ (၁၆) ၁-ဣန္ဒြိယဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -အံ၊၂၊၄၁၅။ အံ၊မြန်၊၂၊၅၂၅-၆။ အံ၊ဋ္ဌ၊၃၊၁၆၁။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၃-ဝဇ္ဇိသတ္တကဝဂ္ဂ၊ အဋ္ဌမသုတ်။
  3. -အံ၊၂၊၄၁၆။ အံ၊မြန်၊၂၊၅၂၆-၇၊ အံ၊ဋ္ဌ၊၃၊၁၆၂။ -အင်္ဂုတ္တရနိကာယ၊ သတ္တကနိပါတ၊ ၃-ဝဇ္ဇီသတ္တကဝဂ္ဂ၊ နဝမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ