ပရိုတိုဇွန်းကောင်သည် ဆဲလ်တစ်ခုတည်းရှိသော သတ္တဝါ ဖြစ်၍၊ ပရိုတိုဇိုဝါခေါ် မျိုးပေါင်းစုတွင် ပါဝင်သည်။ ပရိုတို ဇွန်းကောင်တို့သည် ခန္ဓာဖွဲ့စည်းပုံ၌ အရှင်းဆုံး ဖြစ်သည့်အလျောက်၊ တိရစ္ဆာန်လောကတွင် အနိမ့်ဆုံး သတ္တဝါများ ဖြစ်ကြသည်။ ပရိုဇိုဝါဟူသော စကားမှာ ဂရိလူမျိုးတို့၏ စကား ဖြစ်၍ ကနဦးတိရစ္ဆာန်ဟူ၍ အဓိပ္ပာယ် ရရှိသည်။ အခြားတိရစ္ဆာန်တို့ကိုမူ မက်တာဇိုဝါဟု ခေါ်၍၊ ထိုတိရစ္ဆာန် အပေါင်းသည် ဆဲအများဖြင့် ဖွဲ့စည်းလျက် ရှိကြ သည်။


ပရိုတိုဇွန်းကောင်မျိုးပေါင်း ၁၅,ဝဝဝ ခန့်ရှိသည်ဟု ဆို၏။ များသောအားဖြင့် ပရိုတိုဇွန်းကောင်တို့သည် သေးငယ်လွန်း လှ၍၊ ယင်းတို့ကို မိုက္ကရိုစကုပ်ဖြင့် ကြည့်မှသာလျှင် မြင်ရ သည်။ ပရိုတိုဇွန်းကောင်များကို မြစ်၊ ချောင်း၊ ပင်လယ်ထဲရှိ ရေညှိပင်၊ ကျောက်ခက်ပင်များတွင် တွေ့ရတတ်သည်။ ထိုရေ တစ်စက်ကိုယူ၍ မိုက္ကရိုစကုပ်ဖြင့် ကြည့်ရှုလျှင်၊ ပရိုတိုဇွန်း ကောင်ပေါင်း မြောက်မြားစွာ ပါရှိသည်ကို တွေ့ရမည်။ ပရိုတို ဇွန်းကောင်တို့သည် အလွန်ပွားလွယ်သောကြောင့် ပတ်ဝန်းကျင် အခြေအနေသည်သာ သင့်တင့် လျောက်ပတ်ပါက နာရီပိုင်း အနည်းငယ်အတွင်း မရေအတွက်နိုင်လောက်အောင် ပေါက်ပွား လာနိုင်ကြသည်။


ရေထဲတွင် ပရိုတိုဇွန်းကောင်များ ရှိကြောင်းကို ၁၇ ရာစုနှစ်အစလောက်တိုင်အောင် မည်သည့် သိပ္ပံပညာရှင်မျှ မတွေ့ရှိကြသေးချေ။ ၁၆၄၇ ခုနှစ်၌ ဒပ်ချလူမျိုး အန်တွန်နီ ဗန်လေးဗင်ဟု ဆိုသူသည် မိုက္ကရို စကုပ်ဖြင့် စမ်းသပ်ကြည့်ရှု ရာ၊ ကန်ရေ၊ ချောင်းရေ စသည်တို့တွင် ပရိုတိုဇွန်းကောင်များ ပါရှိသည်ကို စတင် တွေ့မြင်လေသည်။


ပရိုတွန်ဇွန်းကောင်တို့၏ ရွေ့ရှားသွားလာပုံမှာ တစ်မျိုးနှင့် တစ်မျိုး မတူပေ။

  • (က) ယူဂလီနားခေါ် ပရိုတို ဇွန်းကောင်မျိုး သည် ကိုယ်တွင်ရှိသော အမွေးယောင်ကို လှုပ်ရှား၍ သွားလာ သည်။
  • (ခ) အမီးဗားခေါ် ပရိုတွန်ဇွန်းကောင်မျိုးတွင် ကိုယ်၏ဘေးပတ်လည်၌ မွေးညှင်းများရှိခြင်းကြောင့် ယင်းတို့ကို အားပြု၍ သွားလာနိုင်သည်။
  • (ဃ) ပလက်စမိုဒီယမ်ခေါ် ပရိုတိုဇွန်းကောင်မျိုးတွင် မည်သည့်အရာကိုမျှ အားပြု၍ သွားစရာမရှိသဖြင့် တစ်နေရာတည်းတွင် စွဲမြဲ၍နေရလေသည်။


ပရိုတွန်ဇွန်းကောင်များသည် ရေထဲ၌သာ ရှိကြသည်မဟုတ်။ လူကိုယ်ခန္ဓာနှင့်မြေကြီးထဲ၌လည်း ရှိကြသည်။ ခြင်ကိုက်၍ ငှက်ဖျားရောဂါရရှိခြင်းမှာ သွေးသားထဲတွင် ငှက်ဖျားရောဂါ ပရိုတွန်ဇွန်းကောင်များ ဝင်ရောက် သွားခြင်းကြောင့် ဖြစ်သည်။ လူကိုယ်ခန္ဓာထဲသို့ ပရိုတိုဇွန်းကောင်များ ဝင်ရောက်လာလျှင် ငှက်ဖျားရောဂါနှင့် အဝါဖျား ဖြစ်ပေါ်လာတတ်သည်။ ပရိုတိုဇွန်းကောင်များသည် သွေးသားကို အနှောင့်အရှက် ပေးနိုင်ဆုံးသော ပိုးမွှားကလေးများ ဖြစ်ကြသည်။[၁]

အခြားကြည့်ရန် ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၆)