[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အညတရ ဗြာဟ္မဏမဟာသာလ၏လျှောက်ထားချက်အရ အဓမ္မရာဂရတ္တ၊ ဝိသမလောဘာဘိဘူတ၊ မိစ္ဆာဓမ္မပရေတ တရားသုံးပါးရှိသူတို့ အချင်းချင်း သတ်ဖြတ်ခြင်း၊ မိုးမမှန်ခြင်း၊ ယက္ခဘေးတို့ကြောင့် လူများလျော့နည်းခြင်း၊ ရွာ, နိဂုံး မြို့ဇနပုဒ်များ ပျက်စီးပုံကို ဘုရားရှင်က ဖြေကြားတော်မူခြင်းကြောင့် အညတရ ဗြာဟ္မဏမဟာသာလ ဥပါသကာအဖြစ်ခံယူပုံကို ပြဆိုသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ဖွင့်ဆိုချက်များပါရှိပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၁၅၉-၁၆၀။ အံ၊မြန်၊၁၊၁၇၈-၉။ အံ၊ဋ္ဌ၊၂၊၁၄၁-၂။ အံ၊ဋီ၊၂၊၁၂၈-၉။ -အင်္ဂုတ္တရနိကာယ၊ တိကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၆) ၁-ဗြဟ္မဏဝဂ္ဂ၊ ဆဋ္ဌသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ