ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင်

ပလ္လင်ရှစ်ခန်း၊ ရွှေနန်းကိုးဆောင် သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[၁]

အနက်အဓိပ္ပာယ် ပြင်ဆင်ရန်

နန်းတော်တွင် ပလ္လင်ရှစ်မျိုးကို ဆိုင်ရာ ရွှေနန်းကိုးဆောင်၌ ထားသည်။ (ပလ္လင်ရှစ်မျိုးမှာ သီဟာသနပလ္လင်၊ ဘမရာသနပလ္လင်၊ ပဒုမာသနပလ္လင်၊ ဟံသာသနပလ္လင်၊ ဂဇာသနပလ္လင်၊ သင်္ခါသနပလ္လင်၊ မိဂါသနပလ္လင်၊ မယုရာသနပလ္လင်တို့ ဖြစ်သည်။ ရွှေနန်းကိုးဆောင်မှာ မြေနန်းတော်၊ လွှတ်တော်၊ မှန်နန်းဆောင်၊ အနောက်ဇေတဝန်ဆောင်၊ ဗြဲတိုက်ဆောင်၊ လေသာဆောင်၊ တောင်စမုတ်ဆောင်၊ မြောက်စမုတ်ဆောင်တို့ ဖြစ်သည်။)[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။