ပသာဒရုပ်
ပသာဒရုပ်
အာရုံကို ဖမ်းယူနိုင်စွမ်းရှိသော အကြည်ဓာတ်ကို "ပသာဒ" ဟုခေါ်၏။ ပသာဒရုပ်သည် ၅-မျိုးရှိ၏
- စက္ခုပသာဒ (မျက်စိအကြည်)
- သောတပသာဒ (နားအကြည်)
- ဃာနပသာဒ (နှာခေါင်းအကြည်)
- ဇိဝှါပသာဒ (လျှာအကြည်)
- ကာယပသာဒ (ကာယအကြည်)
စက္ခုပသာဒရုပ်
ပြင်ဆင်ရန်(၁) စက္ခုပသာဒရုပ်သည် မျက်နက်ဝန်းအလည်သန်းဦးခေါင်းပမာဏရှိပုံရိပ်ထင်ရာအရပ်၌ မျက်လွှာ ၇-ထပ်ပြန့်နှံ့လျက်တည်၏။
သောတပသာဒရုပ်
ပြင်ဆင်ရန်(၂) သောတပသာဒရုပ်သည် နား၏ အတွင်းလက်စွပ်ကွင်းသဏ္ဌာန်ဝန်းရံလျက် အမွေးနုပေါက်ရာအရပ်၌တည်၏။
ဃာနာပသာဒရုပ်
ပြင်ဆင်ရန်(၃) ဃာနပသာဒရုပ်သည် နှာခေါင်း၏အတွင်း ဆိတ်ခွါသဏ္ဌာန် အသားဆိုင်ရှိရာအရပ်၌ တည်၏။
ဇိဝှာပသာဒရုပ်
ပြင်ဆင်ရန်(၄) ဇိဝှါပသာဒရုပ်သည် လျှာ၏အလည်ကြာပွင့်ဖတ်အဖျားသဏ္ဌာန်ရှိရာအရပ်၌ တည်၏။
ကာယပသာဒရုပ်
ပြင်ဆင်ရန်(၅) ကာယပသာဒရုပ်သည် (ကမ္မဇတေဇော၏ တည်ရာအရပ်၊ ဆံပင်ဖြား၊ မွေးညှင်းဖြား၊ လက်သဲခြေသဲဖြား၊ သွေးသားမစပ်ခြောက်ကပ်သောအရေတို့မှတပါး) ကိုယ်ကာယအနှံ့တည်၏။