ပအိုဝ်း အမျိုးသားနေ့
၁၉၄၈ ခုနှစ် မတ်လတွင် သထုံမြို့၌ ဖဆပလ အစိုးရ၏ မြေယာ ဝေခြမ်းရေး အစီအစဉ်ကို ပအိုဝ်းရွာသားများက ကန့်ကွက် ချီတက် ဆန္ဒပြပြီး အဆို (၃) ရပ်ကို တောင်းဆိုခဲ့ကြသည်။
ထိုအဆို (၃) ရပ်မှ ပအိုဝ်းလူမျိုးကို တောင်သူလူမျိုးဟု ရေးသား ခေါ်ဆိုခြင်း မပြုပဲ ပအိုဝ်းလူမျိုးဟုသာ ရေးသား ခေါ်ဆို အသိအမှတ်ပြုရန် ဆိုသော အချက်ကိုသာ ဖဆပလ အစိုးရက လိုက်လျော ပေးခဲ့သည်။
ထိုအချိန်မှစ၍ သထုံမြို့ရှိ ရွှေစာရံ စေတီတော်၏ မူလ ဒါယကာ ပအိုဝ်းမင်း ဖြစ်သည့် သထုံပြည့်ရှင် ပအိုဝ်းမင်း သူရိယစန္ဒာ၏ မွေးနေ့ဖြစ်သော တပေါင်း လပြည့်နေ့တိုင်းကို ပအိုဝ်းအမျိုးသားနေ့ ({{lang-blk|မွူးနီꩻခွိုꩻပအိုဝ်ႏ}) အဖြစ် နှစ်စဉ် ကျင်းပလာခဲ့သည်။
ပအိုဝ်းအမျိုးသားနေ့ ကျင်းပရသည့် ရည်ရွယ်ချက်သည် ပအိုဝ်းတိုင်းရင်းသားတို့များ စည်းလုံး ညီညွတ်မှု ပိုမိုရရှိရေး ၊ ရိုးရာယဉ်ကျေးမှုနှင့် စာပေများကို ထိန်းသိမ်းကာကွယ်ရေး နှင့် ဖော်ထုတ်ရေးအတွက် ပအိုဝ်းရိုးရာ ယဉ်ကျေးမှုအဆိုအကများတင်ဆက်ခြင်း၊ နိုင်ငံတော်အကြီးအကဲများ နှင့် ပအိုဝ်းခေါင်းဆောင်ပုဂ္ဂိုလ်များ၏ သဝဏ်လွှာများ ဖတ်ကြားခြင်း၊ မိန့်ခွန်းစကားများ ပြောကြားခြင်း၊အားကစားပြိုင်ပွဲများ ကျင်းပခြင်း စသော အစီအစဉ်များထည့်သွင်းကျင်းပလေ့ရှိသည်။
၁၉၉၆ နောက်ပိုင်းတွင် နအဖ စစ်အစိုးရမှ ပအိုဝ်း အမျိုးသားနေ့ကို ပအိုဝ်းအမျိုးသားပွဲတော် အဖြစ်သို့ ပြောင်းလဲ ကျင်းပ စေခဲ့သည်မှာ ယခုထိတိုင်ပင်ဖြစ်သည်။
ကိုးကား
ပြင်ဆင်ရန်