ပါစက်ကျောင်းတော် (ထိုင်း: วัดป่าสัก; အင်္ဂလိပ်: Wat Pa Sak) သည် ထိုင်းနိုင်ငံ၊ Chiang Rai စီရင်စုဒေသ Chiang Saen အရပ်တွင် တည်ရှိသည့် ဗုဒ္ဓကျောင်းတော် ဖြစ်သည်။ မြို့တော်ဟောင်း၏ မြို့ရိုး၏ အပြင်ဘက်တွင် တည်ရှိသည်။ ကျောင်းတော်စတင်တည်ထောင်စဉ်အခါက ပတ်ပတ်လည်တွင် ကျွန်းပင် (၃၀၀) စိုက်ခဲ့သည့်ကို အကြောင်းပြု၍ ယခုကဲ့သို့ အမည်တွင်ခဲ့သည်။ ကျောင်းတော်သည် ၁၃ ရာစု သို့မဟုတ် ၁၄ ရာစုက မူလစတင်ခဲ့သည်။

ပါစက်ကျောင်းတော်
วัดป่าสัก
ပါစက်ကျောင်းတော် သည် ထိုင်းနိုင်ငံ တွင် တည်ရှိသည်
ပါစက်ကျောင်းတော်
ထိုင်းနိုင်ငံအတွင်း တည်နေရာ
အချက်အလက်များ
တည်နေရာChiang Saen District, Chiang Rai Province
ကိုဩဒိနိတ်20°16′27″N 100°4′39″E / 20.27417°N 100.07750°E / 20.27417; 100.07750ကိုဩဒိနိတ်: 20°16′27″N 100°4′39″E / 20.27417°N 100.07750°E / 20.27417; 100.07750
ဘာသာရေး နှီးနွယ်မှုထေရဝါဒ ဗုဒ္ဓဘာသာ
နိုင်ငံထိုင်းနိုင်ငံ
ဗိသုကာ
တည်ထောင်သူSaen Phu
ပြီးစီး1340s

သမိုင်း ပြင်ဆင်ရန်

ကျောင်းတော်ကို တည်ထောင်ခဲ့သည့် ရက်စွဲကို ရှင်းလင်းစွာ မသိရပေ၊ ဖြစ်နိုင်သည်မှာ ၁၂၉၅ ခုနစ် မှ ၁၃၄၀ ကာလအတွင်း ဖြစ်သည်။

ကျောင်းတော်သည် ရာစုနှစ်ပေါင်းများစွာ ပြင်ဆင်မွမ်းမံမှုများဖြင့် ရှိခဲ့သည်။ အရေးပါသည့် မြှင့်တင်မှုများကို လန်နာအုပ်ချုပ်သူများနောက်ပိုင်း (Lan Na) ၁၅ ရာစုတွင် လုပ်ဆောင်ခဲ့သည်။

ကိုးကား ပြင်ဆင်ရန်