(၃)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် ပါဏာတိပါတီ၊ အဒိန္နာဒါယီ၊ ကာမေသုမိစ္ဆာစာရီ၊ မုသာဝါဒီပုဂ္ဂိုလ်များ ကွယ်လွန်လျှင် ငရဲသို့ရောက်ကြပုံ၊ ယင်းဒုစရိုက်လေးပါးမှ ရှောင်ကြဉ်သောပုဂ္ဂိုလ်များကွယ်လွန်လျှင် နတ်ပြည်သို့ရောက်ပုံကို ကဏှပက္ခ, သုက္ကပက္ခ ဒေသနာတော်နည်းဖြင့် ရဟန်းတို့အား ဘုရားရှင်ဟောတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ ... သီတင်းသုံးတော်မူစဉ် အထက်သုတ်ဒေသနာတော်အတိုင်း ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၃] သူတစ်ပါးအသက်ကိုသတ်သူ၊ သူတစ်ပါးအသက်ကိုသတ်ခြင်း၌ ဆောက်တည် (ပြုလုပ်)စေသူ၊ နှစ်သက်ကျေနပ်သူ၊ ပါဏာတိပါတ၏အကျိုးကို ချီးမွမ်းသူတို့သည် ကွယ်လွန်ပြီးနောက် ငရဲသို့ရောက်ကြရပုံ၊ ယင်းသဘာဝဓမ္မတို့မှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်တို့ ကွယ်လွန်ပြီးနောက် နတ်ပြည်သို့ရောက်ကြပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၄]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၅၄၉။ အံ၊မြန်၊၁၊၅၆၄။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၅-ပဉ္စမပဏ္ဏာသက၊ (၂၂) ၂-ပရိသသောဘနဝဂ္ဂ၊ စတုတ္ထသုတ်။
  2. -အံ၊၁၊၅၅၁။ အံ၊မြန်၊၁၊၅၆၇။ -အင်္ဂုတ္တရနိကာယ၊ (၂၃) ၃-ဒုစ္စရိတဝဂ္ဂ၊ စတုတ္ထသုတ်။
  3. -အံ၊၁၊၅၇၆။ အံ၊မြန်၊၁၊၅၈၉။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ (၂၅) ၇-ကမ္မပထဝဂ္ဂ၊ ပထမသုတ်။
  4. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ