ပါဒခြေတော်ရာ(ရသေ့တောင်)
တည်နေရာ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်
ကျော်ကြားမှု

ပါဒခြေတော်ရာ ပြင်ဆင်ရန်

ပါဒခြေတော်ရာ ဗုဒ္ဓပူဇနိယပွဲတော် ရသေ့တောင်မြို့နယ်တွင် နှစ်စဉ် ကျင်းပသည်။ နတ်နဂါးများနှစ်စဉ်လာရောက်ဖူးမြော်သည်ဟု ဒေသခံများယုံကြည်ကြသည်။

ရခိုင်ပြည်နယ်၏အထင်ရှားဆုံးပွဲတော်တစ်ခုဖြစ်သည့် ရသေ့တောင်မြို့ နယ် မုန်စဲကျွန်းရှိ မြတ်ဗုဒ္ဓ၏ပါဒခြေတော်ရာ ဗုဒ္ဓပူဇနိယပူဇော်ပွဲကို ၁၃၇ဝပြည့်နှစ် ပြာသိုလဆန်း ၁၄ရက်မှ လပြည့်နေ့အထိ (၂၀၀၉ခုနှစ် ဇန်နဝါရီ ၉ရက်မှ ၁ဝရက်ထိ)ကျင်းပခဲ့ရာ ယခုပွဲတော်ရက်တွင်လည်း ယခင်နှစ်များကဲ့သို့ နတ်နဂါးများလာရောက်ပူဇော်သည့် ထူးခြားမှုကို ပွဲတော်လာသူများ ကြုံတွေ့ခဲ့ရသည်။

ဒေသခံအများစုမှာ ထိုကဲ့သို့ပင်နှစ်တိုင်းပွဲတော်ရက်များအတွင်း ထူးခြားမှုများရှိသည်။ ဖြစ်ပေါ်တတ်သည်ဟု ယုံကြည်ထားခြင်းနှင့် ပတ်သက်ပြီး ``နှစ်တိုင်းပဲအဲလိုမျိုး နတ်နဂါးတွေ လာဖူးမြော်တာကို ကြုံတွေ့ရသလိုပဲ။ ကင်းမလက်မည်းတွေလာဖူးတာကိုလည်း တွေ့ရတယ်။ အဲလိုပဲ မြွေရဲ့ခေါင်းပေါ်မှာ ဖားကရောက်ပြီး လာဖူးမြော်တာကိုလည်း တွေ့ရတယ်၊ လူတွေကို ဘာမှအန္တရာယ်မပြုဘူး´´

ပါဒခြေတော်ရာပွဲတော်တွင် ပြည်တွင်းပြည်ပသာသနာပြု အလိုတော်ပြည့် ကျောင်းတိုက်များ၏ အဓိပတိ အလိုတော်ပြည့်ဆရာတော် ဘဒ္ဒန္တအရိယဝံသ ဦးစီးဆောင်ရွက်ပြီး သံဝေဇနိယလေးဌာနဖွင့်ပွဲနှင့် ဗုဒ္ဓပါဒ(ခြေတော်ရာ) ဂန္ဓကုဋိကျောင်း တော်ပေါ်၌ တင်လှူပူဇော်မည့် ရွှေထီးတော် ငှက်မြတ်နားတော် စိန်ဖူးတော်များတင်လှူပွဲကို ကျင်းပခဲ့ပြီး

ထူးဆန်းအံ့ဖွယ်များ ပြင်ဆင်ရန်

  1. သမုဒ္ဒရာပင်လယ်မှလာသော လှိုင်းတံပိုးများသည် ပြင်းထန်သော လေမုန်တိုင်းကြောင့် ကြီးစွာသော လှိုင်းလုံးများ ရိုက်ခတ်ငြားသော်လည်းခြေတော်ပေါ်သို့ ကျော်လွန်၍မသွားခြင်း၊
  2. လေမုန်တိုင်း တိုက်ခတ်၍ လှိုင်းတံပိုး သည်းထန်ဖြစ်သော်လည်း ခြေတော်ရာအနီး ၌ ၎င်းလှိုင်းတံပိုးများသည် ရေပန်းများအသွင် ပါဒခြေတော်ရာကို ဖူးမြော်ခြင်း၊
  3. မကြာခဏအဆိပ်ပြင်းထန်သော နီသောအဆင်းရှိသော မြွေကြီးများ ခြေတော်ရာသို့ လာရောက်ပတ်ခွေကာ အထင်အရှားဖူးမြော်ခြင်းကိုတွေ့ရခြင်း၊
  4. ပင်လယ်မှ စက်လှေသင်္ဘောများ ခုတ်မောင်းသွားသည့်အခါ ရေများကွဲပြီး လှိုင်းတံပိုးဖြစ်သကဲ့သို့ ခြေတော်ရာအနီး ၌ ဖြစ်ပေါ်လာပြီး သုံးနှစ်တစ်ကြိမ်ရေနဂါးများ မြူးထူးပျော်ပါးသည်ကို တွေ့မြင်ရခြင်း၊
  5. မိမိ၏ခိုင်မြဲစိတ်ကြံ အဓိဋ္ဌာန်ဖြင့်ယုံကြည်ချက်တစ်ခုကို အဓိဌာန်ပြုပါက အောင်မြင်ခြင်း စသည်တို့ဖြစ်သည်။

မုန်စဲကျွန်းပါဒခြေတော်ရာသို့ သင်္ဘောဖြင့် စစ်တွေမှ ရသေ့တောင် (၃နာရီဝန်းကျင်) ရသေ့တောင်မှတဆင့် မုန်စဲကျွန်းသို့ (သင်္ဘောဖြင့် တစ်နာရီကျော်) သွားနိုင်ကြောင်း၊ စစ်တွေ-ရသေ့တောင်ခရီစဉ်မှာ နေ့စဉ်ရှိသောလည်း ရသေ့တောင်-မုန်စဲကျွန်းသင်္ဘောမှာ စနေနှင့် တနင်္ဂနွေသာပြေးဆွဲပြီး ထိုရက်တွင် စစ်တွေမှတဆင့် နေ့ချင်းပြန်ဖူးမြော်နိုင်ကြောင်းသိရသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. alodawpyi