ပါပဂြိုဟ် ၄-လုံး ပြင်ဆင်ရန်

ဆိုးသွမ်း ယုတ်မာသော ဂြိုဟ်၊ သို့မဟုတ် နေမှပေါ်ထွက်လာသောကြောင့် အရှိန်အခိုး ပူပြင်းသော သဘောရှိသည့် ဂြိုဟ်ဟု ဗေဒင်ကျမ်းများ၌ ဆိုကြကုန်၏၊ လောကဒီပသာရကျမ်းတွင် ပါပလေးချက်၊ နေကထွက်၍၊ ရှိန်စက် ပူခြင်း၊ အခိုးပြင်း၏ ဟုဆိုထားလေပြီ။
(၁) တနင်္ဂနွေဂြိုဟ်၊
(၂) အင်္ဂါဂြိုဟ်၊
(၃) စနေဂြိုဟ်၊
(၄) ရာဟုဂြိုဟ်။

တင်စားပြောဆိုမှု ပြင်ဆင်ရန်

လူတစ်ယောက် ဆိုးသွမ်း ယုတ်မာသော သဘောရှိနေလျှင် ထိုသူကို ပါပဂြိုဟ်နှင့် တင်စား၍ ခေါ်ဝေါ်လေ့သည်။