ပါပီယွန်

ပါပီယွန်သည်၂၀၁၄နှင်းဆီဖြူဂျာနယ်၌ ဒိုင်ယာရီစာအုပ်များအကြောင်းဖြင့်စတင်ရေးသားခဲ့သည်။ ကလေ

ပါပီယွန် သည် မြန်မာစာရေးဆရာတစ်ယောက်ဖြစ်သည်။ စာရေးဆရာပါပီယွန်၏ ထွက် ရှိပြီးစာအုပ် ၆ အုပ်ရှိသည်။ပါပီယွန် ဟူသည့် အမည်ကို ပြင်သစ်စာရေးဆရာ အွန်နရီချာရီရေး၏ ဇာတ်ကောင် Papillon(လိပ်ပြာ) ကို နှစ်သက်ရာမှ ကလောင်အမည်အဖြစ် ခံယူသည်ဟုဆိုသည်။

မက္ကဇင်ပါပီနှင့်ထရော်မာများဟု အမည်ရသည့် ဝတ္ထုတိုပေါင်းချုပ်(၂)အုပ်ကို ငန်းနက်စာအုပ်တိုက်မှ ၂၀၁၇ ခုနှစ်တွင်ထုတ်ဝေခဲ့ပြီး အရေးအသားများမှာ short memoir ဆန်ဆန် ဝတ္ထုတိုများဖြစ်သည်။ ထို့နောက် အတန်ကြာ ပျောက်ကွယ်နေပြီး ၂၀၁၉ ခုနှစ်တွင် ပယ်ရီပယ်ရီချစ်ကန်း အမည်ရ ဝတ္ထုတိုပေါင်းချုပ်ကို ဝိုင်းမော်စာအုပ်တိုက်မှထုတ်ဝေသည်။ တတိယမြှောက် အဆိုပါ စာအုပ်ပါ အရေးအသားများမှာ ပထမ နှစ်အုပ်နှင့် အတန်ငယ်ခြားနားမှုရှိလာသည်။

ထို့နောက် ပထမဆုံး လုံးချင်းဝတ္ထုရှည်ဖြစ်သော ဇီးကွက်ချောင်းတံတားပေါ်မှ အဝါရောင်ဝက်ဝံရုပ် ကို ဝိုင်းမော်စာအုပ်တိုက်မှ ထပ်မံထုတ်ဝေသည်။၎င်း၏ စာဖတ်ပိရိသတ်ကို ဖမ်းစားသည့် ဒေါ်နန်းမေမေကြည်ဆိုသည့် ဇာတ်ကောင် အမျိုးသမီးကိုမွေးဖွားခဲ့သည်။

ဆံနွယ်ခက်ခက်အိပ်မက်ရနံ့ဟောင်း မှာ ငယ်ချစ်ဦး အမျိုးသမီးတစ်ဦးနှင့် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်တို့၏ စိတ်ကစားမှုဇာတ်လမ်းဖြစ်ပြီး ကိုသံချောင်းနှင့်နှစ်ပေါင်းနှစ်ဆယ်မှာ ရဲဘော်ရဲဘက်တစ်ဦးအကြောင်း နောက်ကြောင်းပြန်ပြသည့်ဇာတ်လမ်းဖြစ်သည်။ ၎င်းဝတ္ထုလတ် နှစ်ပုဒ်ကို ပေါင်းကာ ပုံနှိပ်ထုတ်ဝေခဲ့သည်။

ဂွတ်ဘိုင် ဘလတ်ဒီးမေရီ မှာ လုံးချင်းဝတ္ထုရှည်ဖြစ်ပြီး စင်္ကာပူရောက် ရွှေ့ပြောင်းလုပ်သားတစ်ယောက်နှင့် နိုင်ငံရပ်ခြားက အမျိုးသမီးတစ်ဦး၏ သံယောဇဉ်ငြိတွယ်ပုံအကြောင်း စိတ်ထိခိုက်ဖွယ်ရာ ရေးဖွဲ့ထားသည်။


ပါပီယွန်၏ အမည်ရင်း၊မွေးရာဇာတိ၊အသက် အစရှိသည်တို့ကို မသိရပါ။

လူသိမခံလိုသည့် သဘောဖြင့် သိုသိပ်စွာနေထိုင်တတ်သူဟု ယူဆရသည်။

ရေးသားသော စာအုပ်များ ပြင်ဆင်ရန်

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
ထရော်မာများ ၂၀၁၇၊ စက်တင်ဘာ Blackswan Publishing House
မက္ကဇင်ပါပီ ၂၀၁၇၊ မတ် Blackswan Publishing House
ပယ်ရီ ပယ်ရီ ချစ်ကန်း ၂၀၁၉၊ ဖေဖော်ဝါရီ ဝိုင်းမော်စာအုပ်တိုက်
ဇီးကွက်ချောင်းတံတားပေါ်ကအဝါရောင်ဝက်ဝံရုပ်အကျိုး

အပဲ့လေး

၂၀၁၉၊ အောက်တိုဘာ ဝိုင်းမော်စာအုပ်တိုက်
ဆံနွယ်ခက်ခက်အိပ်မက်ရနံ့ဟောင်း ကိုသံချောင်းနှင့်နှစ်ပေါင်းနှစ်ဆယ် ဝိုင်းမော်စာအုပ်တိုက်
ဂွတ်ဘိုင် ဘလတ်ဒီးမေရီ ၂၀၂၀၊ အောက်တိုဘာ ဝိုင်းမော်စာအုပ်တိုက်

ကိုးကား ပြင်ဆင်ရန်

[၁] [၂] [၃]

  1. ပယ်ရီပယ်ရီ ချစ်ကန်း (ပါပီယွန်)[လင့်ခ်သေ]| 7Day News ၁၂ မတ် ၂၀၁၉
  2. ပါပီယွန်ရဲ့ မဂ္ဂဇင်ပါပီ Archived 19 February 2021 at the Wayback Machine.| မြန်မာတိုင်းမ် ၃၁ ဩဂုတ် ၂၀၁၇
  3. ပါပီယွန်