ပါလိုအာတို၊ ကယ်လီဖိုးနီးယား

ပါလိုအာတို (အင်္ဂလိပ်: Palo Alto) သည် အမေရိကန်နိုင်ငံ၏ ဆန်ဖရန်ဆစ္စကိုပင်လယ်အော်ဧရိယာရှိ ဆန်တာကလယ်ရာစီရင်စု အနောက်မြောက်ထောင့်တွင်တည်သည့် ကိုယ်ပိုင်ပဋိညာဉ်ခံမြို့ ဖြစ်သည်။ ကမ်းရိုးတန်းတလျှောက်တွင် အလေ့ကျပေါက်နေသော အယ်ပါလိုအာတို ခေါ် သစ်နီပင်များကို အစွဲပြု၍ မြို့အမည်ဖြစ်လာခြင်းတည်း။

လေလန်းစတန်းဖို့ကြီးက စတန်းဖို့တက္ကသိုလ်ကို တည်ထောင်သည့်အခါ ဤမြို့ကိုပါ တည်ခဲ့သည်။ နောက် စလန်းဖို့ကြီး သေလွန်လျှင် သူ့သား စတန်းဖို့ငယ်က စတန်းဖို့တက္ကသိုလ်မှ မြေတချို့ကို ပါလိုအာတိုတွင် ထည့်ကာ အရှေ့ပါလိုအာတို၊ မော်တိန်ဗျူး၊ လော့အဲလတို့၊ လော့အဲလတို့ဟေး၊ စတန်းဖို့၊ ပေါ်တိုလာဗေလီနှင့် မန်လိုပါ့တို့ထိ ရောက်အောင် နယ်မြေချဲ့သည်။ ၂၀၁၀ သန်းခေါင်စာရင်းအရ လူဦးရေ ၆၄,၄၀၃ ယောက် နေထိုင်၏။ [၁] ပါလိုအာတိုသည် အမေရိကန်တွင် လူနေမှုစရိတ် အကြီးဆုံးမြို့ဖြစ်ပြီး မြို့ခံတို့မှာလည်း နိုင်ငံ၏ ပညာအတတ်ဆုံးလူတည်း။ [၂][၃]

ဆီလီကွန်ဗေလီ၏ အရေးပါသောမြို့များအနက် တခုအဝင်အပါဖြစ်ရာ ပါလိုအာတိုတွင် နည်းပညာမြင့်ကုမ္ပဏီများဖြစ်သော ဟူးလက်ပက်ကတ်၊ စပေ့စစ္စတန်၊ ဗီအမ်ဝဲ၊ တက်စလာ၊ ဖို့ သုတေသနနှင့်မွမ်းမံရေးစင်တာ၊ လော့ဟိမာတင် အဆင့်မြင့်နည်းပညာစင်တာ၊ စကိုက် စသည်တို့ အခြေစိုက်သည်။ [၄] အခြားထင်ရှားသော နည်းပညာမြင့်ကုမ္ပဏီများဖြစ်သည့် အက်ပဲ၊ ဂူးဂဲ၊ ဖေ့စဘွတ်၊ လော့ဂျီတက်၊ အင်ကျူ့၊ ပင်ထရက်နှင့် ပေးပယ် တို့လည်း အတောင်အလက်စုံရာမြေလည်း ဖြစ်၏။ [၅][၆][၇]

ကိုးကား ပြင်ဆင်ရန်

  1. "Palo Alto (city) QuickFacts". United States Census Bureau. Archived from the original on February 24, 2016.
  2. Scheinin, Richard (March 29, 2016). "Palo Alto, Atherton crack top 10 priciest ZIP codes in U.S." San Jose Mercury News.
  3. White, Martha C. (January 5, 2015). "America's Most Outrageously Expensive Places to Live". Time.
  4. "Advanced Technology Center". Lockheed Martin. August 4, 2021.
  5. "Apple Archived 10 November 2021 at the Wayback Machine.". Computer History.
  6. Green, Jason (July 17, 2013). "Google Buys Nearly 15 acres in Palo Alto". San Jose Mercury-News.
  7. "Logitech History" Archived 4 March 2016 at the Wayback Machine.. Logitech.