ပါဝါရိန်းဂျား

အမေရိကန်စိတ်ကူးယဉ် စီးရီးများ

ပါဝါရိန်းဂျား ဇာတ်လမ်းတွဲများသည် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူစွမ်းကောင်းများ အကြောင်း ရိုက်ကူးထားသည့် အမေရိကန် ဇာတ်လမ်းတွဲ များဖြစ်သည်။ ဂျပန်ဇာတ်လမ်းတွဲ များဖြစ်သည့် တိုခုစဆု စူပါဆန်းတိုင်း ဇာတ်လမ်းတွဲများကို အခြေခံကာ ရိုက်ကူးထားခြင်း ဖြစ်သည်။ ယင်းဇာတ်လမ်းများသည် ကလေးများအတွက် ရည်ရွယ်ထားသော စိတ်ကူးယဉ် သိပ္ပံအက်ရှင် ဇာတ်လမ်းတွဲများ ဖြစ်သည်။ ၁၉၉၃ ခုနှစ် ဩဂုတ် ၂၈ တွင် စလွှင့်သော Mighty Morphin Power Rangers ဇာတ်လမ်းဖြင့် စတင်ပြီး အထူးပင် အောင်မြင်ကျော်ကြားသော ဇာတ်လမ်းတွဲများ ဖြစ်လာခဲ့သည်။အနီရောင်သည် ပါဝါရိန်းဂျားစီးရီးတိုင်း၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။

.
Samurai Rangers
ပါဝါရိန်းဂျား လိုဂို

အကြောင်းအရာ ပြင်ဆင်ရန်

ပါဝါရိန်းဂျားများသည် သာမန်လူအဖြစ်မှ စူပါလူစွမ်းကောင်းများအဖြစ်သို့ ပြောင်းလဲနိုင်စွမ်း ရှိသူများဖြစ်သည်။ တစ်ဦးချင်းစီတွင် ကိုယ်ပိုင်အရောင်များဖြင့် ဝတ်စုံများရှိသည်။ လေဆာ သေနတ် နှင့် ဓားကဲ့သို့သော လက်နက်များကို ကိုင်ဆောင်လေ့ရှိသည်။ သူတို့၏ အဓိက ရန်သူများသည် အာကာသတွင် အခြေစိုက်သော ဂြိုဟ်သားများဖြစ်သည်။ နှစ်ဘက်လုံးမှ ကြီးမားသောစက်ရုပ်များ၊ သတ္တဝါဆန်းများ အသုံးပြု၍ ရင်ဆိုင် တိုက်ခိုက်လေ့ ရှိသည်။ ပါဝါရိန်းဂျား တစ်ဦးချင်းစီတွင် ယင်းတို့၏ကိုယ်ပိုင် စက်ရုပ်များရှိပြီး စက်ရုပ်များကို ပေါင်းစပ်၍ အင်မတန်ကြီးမားသော စက်ရုပ်ကိုလည်း ဖန်တီးနိုင်သည်။

 

မီဒီယာ ပြင်ဆင်ရန်

အောက်တိုဘာ ၂၀၀၉ တွင် ပါဝါရိန်းဂျား စုစည်းမှုအခွေ ၃၃ ခွေကို အမေရိကန် ပြည်တွင်းတွင် ထုတ်ခဲ့ပြီးဖြစ်သည်။ ရုပ်ရှင်အနေဖြင့် ၁၉၉၅ တွင် Mighty Morphin Power Rangers: The Movie နှင့် ၁၉၉၇ တွင် Turbo: A Power Rangers Movie ဇာတ်ကားများကို ထုတ်လုပ်ခဲ့သည်။

  1. Mighty Morphin Power Rangers (1993)
  2. Mighty Morphin Power Rangers (1994)
  3. Mighty Morphin Alien Rangers (1995)
  4. Power Rangers Zeo (1996)
  5. Power Rangers Turbo (1997)
  6. Power Rangers In Space (1998)
  7. Power Rangers Lost Galaxy (1999)
  8. Power Rangers Lightspeed Rescue (2000)
  9. Power Rangers Time Force (2001)
  10. Power Rangers Wild Force (2002)
  11. Power Rangers Ninja Storm (2003)
  12. Power Rangers Dino Thunder (2004)
  13. Power Rangers S.P.D. (2005)
  14. Power Rangers Mystic Force (2006)
  15. Power Rangers Operation Overdrive (2007)
  16. Power Rangers Jungle Fury (2008)
  17. Power Rangers R.P.M. (2009)
  18. Power Rangers Samurai (2011)
  19. Power Rangers Super Samurai (2012)
  20. Power Rangers Megaforce (2013)
  21. Power Rangers Super Megaforce (2014)
  22. Power Rangers Dino Charge (2015)
  23. Power Rangers Dino Super Charge (2016)
  24. Power Rangers Ninja Steel (2017)
  25. Power Rangers Super Ninja Steel (2018)
  26. Power Rangers Beast Morphers (2019)
  27. Power Rangers Super Beast Morphers (2020)
  28. Power Rangers Dino Fury (2021)

ပြင်ပလင့်များ ပြင်ဆင်ရန်

ကိုးကား ပြင်ဆင်ရန်