ပါးချိုင့် (အင်္ဂလိပ်: dimple သို့မဟုတ် gelasin[၁]) သည် လူ့မျက်နှာရှိ ပါးပြင် သို့မဟုတ် မေးစေ့တွင် ရှိတတ်သည့် သေးငယ်သော သဘာဝအချိုင့်လေး ဖြစ်သည်။[၂]

ပါးချိုင့်
(Gelasin)
Anatomical terminology

ဝိသေသလက္ခဏာများ ပြင်ဆင်ရန်

ပါးချိုင့်ပါသူများသည် ရယ်လိုက်သည့်အခါ သူတို့၏ ပါးချိုင့်လေးများ ပေါ်လာတတ်ပြီး အလှအပတစ်ခုအဖြစ် ထင်ပေါ်စေသည်။ ပါးချိုင့်ရှိခြင်း မရှိခြင်းသည် မျိုးရိုးဗီဇနှင့်လည်း သက်ဆိုင်သည်။ လူအချို့တွင် ပါးချိုင့်တစ်ဖက်တည်းသာ ပါရှိနေတတ်ပြီး အနည်းစုမှာသာ ပါးပြင်နှစ်ဖက်လုံးမှာ ပါးချိုင့်ပါရှိနေတတ်သည်။ ပါးချိုင့်ရှိနေခြင်းသည် ဆေးပညာသဘောအရ မျိုးဗီဇချို့ယွင်းချက်တစ်ခု ဖြစ်သည်။ သန္ဓေသားလောင်း၏ အစောပိုင်းအဆင့်မှာ မျိုးဗီဇဖွံ့ဖြိုးတိုးတက်မှု မမှန်ခဲ့သောကြောင့် ပါးပြင်တွင် အချိုင့်လေးတွေ ရှိနေသည်ဟု ဆိုသည်။[၃][၄][၅]

ကိုးကား ပြင်ဆင်ရန်

  1. Garg, Anu။ A.Word.A.Day။ Wordsmith။ 2013-08-12 တွင် ပြန်စစ်ပြီး။
  2. Dimple - definition of dimple by The Free DictionaryTheFreeDictionary.com
  3. Am J Med Genet. 1990 Jul;36(3):376. Cheek dimples.
  4. "Double or bifid zygomaticus major muscle: anatomy, incidence, and clinical correlation" (1998). Clinical Anatomy 11 (5): 310–3. doi:10.1002/(SICI)1098-2353(1998)11:5<310::AID-CA3>3.0.CO;2-T. PMID 9725574. 
  5. Myths of Human Genetics။ Sparky House Publishing။ 10 January 2015 တွင် ပြန်စစ်ပြီး။

ပြင်ပလင့်ခ်များ ပြင်ဆင်ရန်