[၁] ဘုရားရှင် မဂဓနိုင်ငံ ပါသာဏကစေတီ၌ သီတင်းသုံးတော်မူစဉ် ဗာဝရီ ဗြာဟ္မဏ ဆရာကြီး၏တပည့် အသက် (၁၂၀)ရှိ ပိင်္ဂိယပုဏ္ဏား၏ မေးလျှောက် ချက်အရ ရုပ်၏ အပြစ်ကိုပြ၍ တဖန်ဘဝသစ်၌ မဖြစ်ခြင်းငှါ ရုပ်ကိုပယ်စွန့်လော ဟုလည်းကောင်း၊ နောက်ထပ် လျှောက်ထားချက်အရ “တဏှာ၏အပြစ်ကို ပြတော်မူ၍ ဘဝသစ်၌ တဖန်မဖြစ်စေရန် တဏှာကို ပယ်စွန့်လေလော့ဟုလည်းကောင်း ဘုရားရှင် ဟောကြားတော်မူပါသည်။

ဘုရားရှင်သည် အရဟတ္တဖိုလ်ကို အထွတ်တပ်၍ တရားတော်ကို ဟောကြားတော်မူပါသော်လည်း ဦးရီးဗာဝရီပုဏ္ဏား၌ ချစ်ခင်သောစိတ်ကြောင့် ပိင်္ဂိယပုဏ္ဏားသည် အနာဂါမိဖိုလ်၌သာ တည်ရှိသော်လည်း ယင်း၏တပည့်ရသေ့ တစ်ထောင်သည်ကား အရဟတ္တဖိုလ်၌တည်ကြပြီး “ဧဟိ ဘိက္ခု”ရဟန်းတော်များ ဖြစ်ကြပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၄၄၈။ သုတ္တနိ၊မြန်၊၄၂၅။ သုတ္တနိ၊ဋ္ဌ၊၂၊၃၁၈-၉။ -စူဠနိ၊၁၈၈-၁၉၅။ စူဠနိ၊ဋ္ဌ၊၄-၆။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ, ၅-ပါရာယနဝဂ္ဂ၊ သောဠသမသုတ္တ၊
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ