ပိဋကတ်တိုက် သည် မန္တလေးမြို့တွင် တည်ရှိသည့် တော်ဝင်စာကြည့်တိုက်တစ်ခု ဖြစ်သည်။ ၁၈၅၇ ခုနှစ် မန္တလးလေးနေပြည်တော်ကို တည်ဆောက်နေစဉ်ကာလတွင် မင်းတုန်းမင်းက တွင် တည်ဆောက်ခဲ့သည်။[၁] မန္တလေးကို နေပြည်တော်အဖြစ် တည်ဆောက်ရာတွင် သတ်မှတ်ထားကာ တည်ဆောက်ခဲ့သည့် အဆောက်အဦ ခုနစ်ခုထဲတွင် ဤပိဋကတ်တိုက်သည် တစ်ခုအပါအဝင် ဖြစ်သည်။ မန္တလေးတောင်ခြေတွင် တည်ရှိသည်။ အင်္ဂတေအဆောက်အဦဖြစ်ကာ ကျွန်းဖြင့် ချိတ်ဆက်ကာ တည်ဆောက်ထားသည်။ ပုဂံရှိ ပိဋကတ်တိုက်ကို နမူနာယူကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။[၂] အမရပူရပိဋကတ်တိုက်မှ ပိဋကတ်စာပေမိတ္တူများကို ပြောင်းရွှေ့ခဲ့ကာ ၁၈၆၄ ခုနှစ်၊ ဇန်နဝါရီလတွင် တွင် တည်ဆောက်ခဲ့သည့် စာကြည့်တိုက်အသစ်သို့ ပြောင်းရွှေ့ခဲ့သည်။[၃] ဤပိဋကတ်တိုက်တွင် ယခင်က ထန်းရွက်တွင် ရေးသားထားသည့် လက်ရေးစာမူများကို ထိန်းသိမ်းထားသည်။ ၁၈၈၅ ခုနှစ်တွင် ထိုလက်ရေးစာမူများသည် ဗြိတိသျှတို့၏ သိမ်းပိုက်တိုက်ခိုက်မှုနှင့်အတူ ပျောက်ဆုံးခဲ့ရသည်။[၂]

Parapet of Bidagat-taik in 1904

၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် သီတဂူဆရာတော်သည် သုဓမ္မာဇရပ်၊ မဟာပဋ္ဌာန်းသိမ်တော်တို့နှင့် ပိဋကတ်တိုက်ကိုပြုပြင်မွမ်းမံရန် တမ္ပဝတီဦးဝင်းမောင်၏ အကြံဉာဏ်ကို ရယူကာ လှူဒါန်းမှုတစ်ခု ဆောင်ရွက်ခဲ့သည်။[၄]

ကိုးကား ပြင်ဆင်ရန်

  1. မင်းထက်အောင်(မန်းကိုယ်ပွား)။ ရတနာပုံမန္တလေးရွှေမြို့တော်ကြီး သမိုင်းစာမျက်နှာသစ်ဖွင့်လှစ်နိုင်ခဲ့ပြီ (in Burmese)။ News and Periodical Enterprise။ Ministry of Information။ 13 July 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 July 2015 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ Taw Sein Ko (1902)။ Report on Archaeological Work in Burma for the Year 1901-02။ Rangoon: Superintendent, Government Printing။ p. 29။
  3. Pay Phyo Khaing. "สถาปัตยกรรมพระไตรปิฏกและคติกษัตราธิราชพุทธศาสนาในรัชสมัยพระเจ้ามินดง Tripitaka Architecture and Buddhist Kingship in the Reign of King Mindon" (in en-US). 
  4. ခင်ဆုဝေ။ "သတ္တဌာန နေရာတော်သုံးခုအား ရှေးမူမပျက် ပြုပြင်မည်" (in Burmese)၊ Myanmar Times၊ 27 February 2013။ 12 July 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 13 July 2015။