ပိဏ္ဍပါတိယတိဿထေရ်
ပိဏ္ဍပါတ်ဓုတင် ဆောင်သော တိဿမထေရ်၏ အကြောင်းအရာ ဝတ္ထု။ [၁]
ပိဏ္ဍပါတာပစယန ကိုဆင်ခြင်သော မဟာမိတ္တထေရ်၊ ပိဏ္ဍပါတိယတိဿထေရ်တို့၏ အကြောင်းခြင်းရာကို ဖော်ပြမည်။
ပိဏ္ဍပါတ်ဓုတင် ဆောင်သော တိဿမထေရ်
ပြင်ဆင်ရန်မဟာမိတ္တထေရ်သည် ကဿက လိုဏ်ဂူ၌ သီတင်းသုံး၏၊ ဂေါစရဂါမ်ရွာနေ ဥပါသိကာမကြီးသည် သားသဖွယ် ပြုစု၏၊ ဥပါသိကာမကြီးသည် တောသို့သွားအံ့သောအခါ သမီးကို ဆံဟောင်း၊ နို့၊ ထောပတ်၊ တင်လဲ ထားရာနေရာကိုပြော၍ သင့်မောင် အရှင်မိတ္တလာသောအခါ ဆွမ်းချက်၍ နို့ ထောပတ်စသည်တို့နှင့်တကွ လှူရန် သမီးလည်း စားရန် မှာကြား၍ ငါသည်ကား ယမန်နေ့က ချက်ထားသော ထမင်းကြမ်းကို ပအုံးရေဖြင့်စားပြီးပြီ-ဟု မှာကြား၏၊ နေ့လည် ဘာစားမည်လဲဟု သမီးက မေးသောအခါ ဆန်ကွဲနှင့် သစ်ရွက်ကို ယာဂုချဉ်ကြိုထား ဟု ပြော၏၊
မထေရ်သည် သင်္ကန်းရုံ၍ သပိတ်ပိုက်လာစဉ် ထိုစကားသံကို ကြား၍ ဥပါသိကာမကြီးသည် လယ်၊ ယာ၊ အဝတ် စသည်တို့အတွက် လှူသည်မဟုတ် လူနတ် စည်းစိမ်၊ နိဗ္ဗာန်ကို တောင့်တ၍လှူသည်။ သင်သည် ဥပါသိကာမကြီးအား ၎င်းတို့ကို ပေးနိုင် မပေးနိုင် ဆင်ခြင်၏၊ သင်သည် ရာဂ ဒေါသ မောဟနှင့်တကွ ဤဆွမ်းကို မခံယူ သင့်-ဟု ကြံ၍ လိုဏ်ဂူသို့ပြန်ကြွပြီး အရဟတ္တဖိုလ်သို့ မရောက်လျှင် ဂူမှမထွက် ဟု ဝီရိယကို အဓိဋ္ဌာန်၍ ထိုင်၏၊ နေ့ရက် ရှည်စွာ မမေ့မလျော့ သီတင်းသုံးသော ရဟန်းသည် ဝိပဿနာပွားသောကြောင့် ဆွမ်းစားချိန် မရောက်မီ ရဟန္တာဖြစ်သဖြင့် ဂူမှထွက်ခဲ့လေ၏။ ဂူ၏အဝ သစ်ပင်စောင့် နတ်သည် “နမော တေ” စသော ဂါထာဖြင့် ရွတ်ဆိုရှိခိုး၏၊ မထေရ်သည် ဆွမ်းခံကြွသောအခါ သမီးသည် မိခင်မှာသည့်အတိုင်း မထေရ်ကို လှူ၍ မိခင်လာသောအခါ မောင်ရဟန်း၏ အရေအဆင်းကြည်လင်ပုံ၊ ဣန္ဒြေတို့သန့်စင်ပုံ၊ မျက်နှာ တင့်တယ် ဝင်းပပုံတို့ကို ပြောကြား၏၊ မိခင်သည် ငါ့သားရဟန်းကိစ္စပြီးစီးပြီဟု သိလေသည်။
ပိဏ္ဍပါတာပစယန ကိုဆင်ခြင်သော မဟာမိတ္တထေရ်
ပြင်ဆင်ရန်ပိဏ္ဍပါတိကတိဿမထေရ်၏ ဝတ္ထုကား-မဟာဂါမရွာ၌ ထင်းရောင်း၍ အသက် မွေးသော ဆင်းရဲသားတစ်ဦးရှိ၏၊ သူ့ကို ဒါရုဘဏ္ဍကတိဿဟု ခေါ်ကြ၏။ သူသည် မယားကို “ငါတို့၏အသက်ကား ဘာလဲ၊ သူဆင်းရဲ၏အလှူသည် အကျိုး ကြီးမား၏ဟု မြတ်ဘုရား ဟောတော်မူ၏၊ ငါတို့ကား အမြဲမလှူနိုင်၊ ပက္ခိကဘတ် (တစ်ဆယ့်ငါးရက်တစ်ကြိမ်ဆွမ်း) လှူမည်၊ စာရေးတံ ဆွမ်းလှူမည်ဟု တိုင်ပင်ပြောဆို၏၊ မယားကလက်ခံသဖြင့် နောက်နေ့၌ ရတတ်ရာရာဖြင့် ပက္ခိကဘတ်ကို လှူ၏၊ ကိုရင်လေးတို့သည် အစားကောင်းကို စားနေရသဖြင့် သူတို့လှူသောဆွမ်းကို ခံယူရုံသာ ခံယူ၍ သူတို့မြင်စဉ်ပင် စွန့်ပစ်ကြ၏၊ မယားက မြင်သော်လည်း နှလုံးမသာမယာ မဖြစ်၊ ယောက်ျားကို ပြော၏၊ ယောက်ျားက ငါတို့ဆင်းရဲသဖြင့် အကောင်းစား မလှူနိုင်၊ သာမဏေတို့၏ စိတ်ကြိုက် မည်သို့လှူနိုင် မည်နည်းဟု ပြော၏၊ ထိုအခါ မယားက သားသမီးရှိလျှင် သူဆင်းရဲမဟုတ်၊ သင့် သမီးကို သူဋ္ဌေးအိမ်၌ ၁၂-ကျပ်ဖြင့်ထား၍ နို့တိုက် နွားမတစ်ကောင် ဝယ်ပါ၊ နို့ဆွမ်း လှူမည်ဟုပြော၏၊ ၎င်းတို့၏ ကုသိုလ်ကြောင့် နွားမသည် နံနက် သုံးအိုး၊ ညနေ သုံးအိုး နွားနို့ပေး၏၊ ညနေရသော နို့ကို နို့ဓမ်းလုပ်၍ နောက်နေ့မနက်ရသော နို့ကို ဆီဥ ထောပတ် ပြုလုပ်လျက် ထောပတ်နှင့် တကွ နို့ဆွမ်းကိုလှူသည်။ ထိုအခါမှ စ၍ ထိုအိမ်မှဆွမ်းကို ဘုဉ်းကံရှိသော ရဟန်း သာမဏေသာ လက်ခံဘုဉ်းပေးရသည်။
ယောက်ျားသည် မယားကို “ငါတို့ သမီးရှိ၍သာ ရှက်ဖွယ်အဖြစ်မှ လွတ်ခဲ့ကြသည်၊ အရှင်မြတ်တို့အားသာ ထိုက်သော ဆွမ်းလည်း ဖြစ်နေပြီ၊ သင်သည် ငါမလာမချင်း ဤကုသိုလ်ဝတ်ကို မမေ့ပါနဲ့၊ ငါသည် သမီးကို လွတ်စေရဦးမည်-ဟု မှာ၍ အရပ်တစ်ပါး သို့သွားကာ ကြံကြိတ်စက်လုပ်ငန်းကို လုပ်၏၊ ၆-လကြာသောအခါ ၁၂-ကျပ်ရသဖြင့် အိမ်သို့ပြန်လာသည်။
အမ္ဗရိယကျောင်းတော်ကြီး၌ နေသော ပိဏ္ဍပါတိယတိဿမထေရ်သည် တိဿကျောင်းတော်ကြီး၌ စေတီဖူးရန်အတွက် မဟာဂါမရွာသို့ သွားသောအခါ ဒါရုဘဏ္ဍကတိဿ ယောက်ျားသည် မြင်သဖြင့် တရားနာလျက် အတူခရီး သွားမည်ဟုကြံ၍ မထေရ်ထံသွားသည်။ မွန်းတည့်ချိန်နီးသဖြင့် မထေရ်ကို သစ်ပင်အောက်၌ သီတင်းသုံးရန်လျှောက်ထား၍ ဆက်လက်သွားသည်။ ရွာတံခါး၌ ထမင်းထုပ်ယူလျက် လာသော ခရီးသွားထံမှ တစ်မတ်မတန်သော ထမင်းထုပ်ကို တစ်ကျပ် ပေး၍ဝယ်သည်။ ခရီးသွားက တစ်မတ် မတန်သော ထမင်းထုပ်ကို တစ်ကျပ်ပေး၍ ဝယ်ခြင်း၌ အကြောင်းရှိမည်ဟု ကြံ၍ ငွေတိုးကာ တိုးကာ ပေးသော်လည်း မရောင်းသဖြင့် မိမိ၌ရှိသော ငွေ ၁၂-ကျပ်ကို ထုတ်လျက် မိမိအတွက် ဝယ်သည်မဟုတ်၊ သစ်ပင်အောက်၌ သီတင်းသုံးသော မထေရ် အားလှူရန်ဖြစ်ကြောင်း သင့်ကုသိုလ်လည်း ပါဝင်နိုင်ကြောင်း ဟုပြော၍ ဝယ်ယူကာ မထေရ်အား လှူခဲ့သည်။
မထေရ်သည် အကြောင်းစုံကို သိရသဖြင့် ဥပါသကာသည် ခက်ခဲသောအမှုကို ပြု၏၊ ဤသို့ သောဆွမ်းကိုဘုဉ်းပေးသော ငါသည် ကျေးဇူးသိသူဖြစ်သင့်၏-ဟုကြံ၍ တိဿကျောင်းတော်ကြီးသို့ရောက်သောအခါ မူလကမ္မဋ္ဌာန်းကို စီးဖြန်းသည်။ ထိုည၌ အရောင် အလင်းမျှပင်မဖြစ်၊ နောက်နေ့၌ ဆွမ်းမခံ တော့ဘဲ ထိုမူလကမ္မဋ္ဌာန်းကိုပင် ရှုမှတ်သောအခါ ခုနစ်ရက်မြောက်အာရုံတက် အခါ၌ ပဋိသမ္ဘိဒါပတ္တရဟန္တာအဖြစ်သို့ ရောက်တော်မူသည်။ ငါ၏ကိုယ်ခန္ဓာသည် အလွန်ပင်ပန်း၏၊ အသက်တာရှည် မတည်နိုင်တော့ဟု သိတော်မူ၍ ကျောင်းအိပ်ယာ နေရာကို သိုမှီးပြီး ကျောင်းလယ်သို့ကြွကာ ခေါင်းလောင်းတီးလျက် သံဃာအား အသိ ပေး၏၊ ရဟန်းတော်များ စုဝေးကြွရောက် လာ၍ မထေရ်ကြီးကမေးသဖြင့် အကြောင်းစုံကို လျှောက်ထားသည်။ ကြွရောက်စုဝေးသမျှ ပရိသတ်တို့သည် ကောင်းချီးပေးကုန်၏။ မထေရ်သည် “ငါ၏ပြဿာဒ်သည် ဒါရုဘဏ္ဍကမဟာတိဿယောက်ျား၏ လက်ဖြင့်ထိမှသာ လှုပ်ပါစေ”ဟု အဓိဋ္ဌာန်၍ ပရိနိဗ္ဗာန် စံတော်မူသည်။ ကာကဝဏ္ဏတိဿမင်းသည် ထိုအကြောင်းတို့ကို ကြားသိ၍ ပြဿာဒ်ပို့စေကာ မထေရ်၏ ရုပ်ကလာပ်ကို ပြဿာဒ်သို့ တင်လျက် ထင်းပုံသို့ ပင့်မည်ဟု ပြဿာဒ်ကို ချီမကြသော်လည်း မလှုပ်ချေ။ အကြောင်းစုံကို သိသဖြင့် ဒါရုဘဏ္ဍက မဟာတိဿကို ခေါ်၍ ချီမစေ မှသာ ကောင်းကင်ပျံတက်၍ ထင်းပုံထက်၌ တည်ကာ မီးလျှံတို့ အလိုလိုဖြစ်ပေါ်လာအကျယ်ကို [၂]တို့ကိုလည်း ကြည့်။ [၃]