ပိလိန္ဒဝစ္ဆထေရ် သည် မြတ်စွာဘုရား၏ သာသာနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း ပြင်ဆင်ရန်

သုမေဓာမြတ်စွာဘုရား ပရိနိဗ္ဗာန်စံဝင်ပြီးချိန် ဖြစ်၏။ ပိလိန္ဒဝစ္ဆထေရ်သည် ကြည်ညိုသောစိတ်ဖြင့် စေတီတော်အား ရှိခိုးပူဇော်၏။ ထို့ပြင် သံဃာတော်များကိုလည်း ဆွမ်းလုပ်ကျွေး၏။ ထိုသို့ဆွမ်းလုပ်ကျွေးသည့်အခါ သုမေဓာမြတ်စွာဘုရား၏ အလုပ်ကအကျွေးဖြစ်သည့် သုမေဓာထေရ်သည် ဆွမ်းအနုမောဓနာပြုခဲ့၏။

ထိုဆွမ်းလှူသောစိတ်၏ ကြည်လင်ခြင်းကြောင့် နတ်ဗိမာန်တို့သည် ဖြစ်ပေါ်ကုန်၏။ ရှစ်သောင်းခြောက်ထောင်သော နတ်သမီးတို့သည် ဖျော်ဖြေကုန်၏။ ထိုနတ်သမီးတို့သည် ကာမစည်းစိမ်တို့ဖြင့် ဖြည့်ဆည်းပေး၏။

ထို့ပြင် ပိလိန္ဒဝစ္ဆထေရ်သည် နှစ်ဆယ့်ငါးကမ္ဘာထက်တွင် ဝရုဏ မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။ ထိုမင်းကြီးလက်ထက်တွင် တိုင်းသူပြည်သားတို့သည် ထွန်ယက်ရရခြင်း မရှိဘဲ အလိုလိုကျက်သော သလေးဆန်တို့ကိုသာ သုံးဆောင်ရကုန်၏။’

ထိုစကြဝတေးမင်းဘဝမှ လွန်ခဲ့သော် နတ်ပြည်သို့တစ်ဖန် ရောက်ပြန်၏။ နတ်ပြည်တွင်လည်း အလုံးစုံသောသူတို့၏ ချစ်မြတ်နိုးခြင်းကို ရရှိခဲ့၏။

ပိလိန္ဒဝစ္ဆထေရ်သည် ကမ္ဘာသုံးသောင်းထက်၌ အမွှေးနံ့သာ လှူဒါန်းခဲ့၏။ ထိုအချိန်မှစကာ အပါယ်လေးဘုံသို့ မရောက်ခဲ့ဖူးချေ။

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အာသဝေါကုန်ခမ်း ရဟန္တာဖြစ်တော်မူ၏။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ထေရာပဒါန်ပါဠိတော်၊ သီဟာသနိယဝဂ်