မြစ်ငယ်၊ ချောင်းငယ်များအထဲ၌ ဟိုဘက်နှင့်သည်ဘက် ဝါးတန်း ၂ ဖက်ဖြတ်ကူး၍ မြေကုန်းရိုးတန်း ပြုလုပ်ထားသည်ကို "ဆည်" ဟုခေါ်သည်။ ထိုကုန်းရိုးတန်း(ဆည်)၏အလယ်၌ ဝါးများထွက်ရန် အပေါက်ဝတစ်ခု ချန်ထားရလေသည်။ ထိုချန်ထားသည့် အပေါက်ဝကို "ဆည်ဝ" ဟုခေါ်သည်။ ထိုဆည်ဝကို ငုံမိအောင် ချထားသည့် ပိုက်ကို "ပိုက်ကြီး"ဟုခေါ်သည်။ ထိုပိုက်ကြီးဖြင့် ဆည်ဝ၌ တားဆီး၍ ထားသည်ကို "ပိုက်ကြီးဆည်ဝ" ဟုခေါ်သည်။

အချို ့တံငါတို့ကမူကား မြစ်ချောင်းစသည်တို့ အထဲတွင် ဟိုဘက်သည်ဘက် သစ်သားတိုင်တစ်ချောင်းစီ စိုက်ထူ၍ ပိုက်ကိုတန်းကာ ပိုက် အပေါ်စွန်းတစ်လျှောက်၌ "လံဖော့"လုပ်၍(ရေမမြုပ်အောင် ချထားသော ဝါးလုံး စသည် တို့ကို "လံဖော့"ဟုခေါ်သည်) ထိုလံဖော့ကိုလည်း ကောင်းစွာတန်း၍ နေအောင် လိုသမျှ ဒေါက်ဆောက်ထား၍ ပိုက်ထဲသို့ဝင်လာသမျှ ငါးများကို ဖမ်းယူခြင်းကို "ပိုက်ကြီးဆည်ဝ"ဟုခေါ်သည် ဟူ၍လည်းကောင်း၊ မြစ်ချောင်းစသည့်အထဲတွင် လူ ၄-၅ ယောက် လှေ ၂ စီးနှင့် ၁၅ တောင်၊ အတောင် ၂ဝ ခန် ့ရှည်သော ပိုက်ကြီးကို ထိုလှေကတစ်စွန်း၊ သည်လှေက တစ်စွန်း ဆွဲကိုင်ပြီးလျှင် အလံတစ်ရာ နှစ်ရာအထိ ဆွဲယူ၍ ငါးဖမ်းခြင်းကို "ပိုက်ကြီးဆည်ဝ"ဟုခေါ်သည် ဟူ၍လည်းကောင်း၊ အဝ ၅ တောင်၊ အရှည် အတောင် ၃၅ဝအထိရှည်သော ပိုက်ကိုပင် ပင်လယ်ထဲ၌ လှေ ၃-၄ စီးဖြင့် ဆွဲကိုင်၍ ငါးများကို တိုက်ယူ ဖမ်းဆီးခြင်းကို "ပိုက်ကြီး"ဟုခေါ်သည်။ ရေထဲတွင် ယင်းတန်းကြီးချည်၍ ငါးဖမ်းသည်ကို "ဆည်ဝ" ခေါ်သည်ဟု ပိုက်ကြီးနှင့်ဆည်ဝကို တစ်မျိုးစီ ခွဲ၍၎င်း အသီးသီး ပြောဆိုကြလေသည်။[]

  1. ရွှေဝယ်ဧ ရေးသည့် တံငါကိရိယာ သိကောင်းစရာ၊ ၁၉၆၇ ခုနှစ်၊ မေလထုတ်၊ မြဝတီမဂ္ဂဇင်း စာမျက်နှာ(၆၅-၇ဝ)