ဒေါ်ပိုက်ပိုက်အေး(၁၉၆၁ ဖွား) သည် မြန်မာအမျိုးသမီး တရားသူကြီးတစ်ဦး ဖြစ်သည်။ လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ် တာဝန်ထမ်းဆောင်နေသည်။[]တရားလွှတ်တော်များထဲ ဒုတိယမြောက် အမျိုးသမီးတရားသူကြီးချုပ် အဖြစ် ခန့်အပ်ခံရသူလည်းဖြစ်သည်။

ပိုက်ပိုက်အေး
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်
တာဝန်ထမ်းဆောင်ဆဲ
တာဝန် စတင်
၁၈ မေ ၂၀၂၀
ခန့်အပ်သူဦးဝင်းမြင့်
သမ္မတ
ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယခင်လူဦးတင်အောင် (၂၀၁၆-၂၀၂၀)
တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး
တာဝန်သက်တမ်း
၂၉ ဇန်နဝါရီ ၂၀၁၈ – ၁၇ မေ ၂၀၂၀
ခန့်အပ်သူဦးဝင်းမြင့်
သမ္မတ
ကိုယ်ရေး အချက်အလက်များ
မွေးဖွား၁၉၆၁
မြန်မာနိုင်ငံ
လူမျိုးမြန်မာ
ပညာရေးရန်ကုန်တက္ကသိုလ်
အလုပ်အကိုင်တရားသူကြီး

သူမသည် ရန်ကုန်တက္ကသိုလ် မှနေ၍ ဥပဒေပညာအထူးပြု LL.B ဘွဲ့ ကို ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။

ဝန်ထမ်းဘဝ

ပြင်ဆင်ရန်

၁၉၈၄ ခုနှစ်က စပြီး မြန်မာ့တရားစီရင်ရေးတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ အဆင့်(၄) တရားရေးအရာရှိ အဖြစ် ဝန်ထမ်းဘ၀ စတင်ခဲ့ကာ တရားစီရင်ရေးမဏ္ဍိုင်အဆင့်အသီးသီးတွင် တရားသူကြီးအဖြစ် ၃၆ နှစ်ကြာ အမှုထမ်းခဲ့သည်။ []

တရားလွှတ်တော်တရားသူကြီးတာဝန်

ပြင်ဆင်ရန်

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က သူမကို ၂၀၁၈ခုနှစ် ဇန်နဝါရီ ၂၉ ရက်တွင် တနင်္သာရီတိုင်းတရားလွှတ်တော် တရားသူကြီး အဖြစ် ခန့်အပ်သည်။[]၂၀၂၀ မေလ ၁၈ရက်တွင် ယင်းတရားလွှတ်တော်၏ တရားသူကြီးချုပ်တာဝန် ကို တိုးမြှင့်ခန့်အပ်ခဲ့သည်။[]

မိသားစုဘဝ

ပြင်ဆင်ရန်

သူမသည် အိမ်ထောင်သည်တစ်ဦး ဖြစ်သည်။

  1. တနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးMyanmar Digital News (၁၉ မေ ၂၀၂၀)။ 2 September 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  2. တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးတနင်္သာရီတိုင်းဒေသကြီးတရားလွှတ်တော်။ 2 September 2023 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  3. တိုင်းအစိုးရ ဝန်ကြီးသစ် ၃ ဦးသမ္မတအတည်ပြုခန့်အပ်DVB (၃၀ ဇန်နဝါရီ ၂၀၁၈)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။
  4. တိုင်းဒေသဝန်ကြီးများနှင့် တရားလွှတ်တော် တရားသူကြီးခန့်အပ်ဆင်ဟွာသတင်း (၃၀ ဇန်နဝါရီ ၂၀၁၈)။ ၂၃ ဩဂုတ် ၂၀၂၃ တွင် ပြန်စစ်ပြီး။