ပိုင်ဖြိုးသု

မြန်မာနိုင်ငံမှ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး

ပိုင်ဖြိုးသု သည် မြန်မာလူမျိုး ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။ ၂၀၁၇ ခုအတွက် ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီပေးပွဲတွင် " သရဲမ၊ဘီလူးမ နှင့် မိန်းမပျို " ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ရသည်။

ပိုင်ဖြိုးသု
မွေးဖွား၅ ဧပြီ ၁၉၉၀&#၁၆၀;(၁၉၉၀-၀၄-၀၅) (အသက် ၃၃)
ရန်ကုန်
မိခင်ကျောင်းဆေးတက္ကသိုလ်(၁) ရန်ကုန်
အလုပ်အကိုင်သရုပ်ဆောင်
အိမ်ထောင်ဖက်(များ)ဏကြီး

အနုပညာခရီး ပြင်ဆင်ရန်

၂၀၁၇ ခုတွင် မီ ဇာတ်ကားတွင် ခေါင်းဆောင်အဖြစ် ပါဝင်ရသည်။ ထိုဇာတ်ကားမှာ လူကြိုက်များခဲ့သော ကြည်အေးမီ ကို ရိုက်ခြင်း ဖြစ်ရာ လူစိတ်ဝင်စား ခံရသည်။[၁]

ပါဝင်သော ဇာတ်ကားများ ပြင်ဆင်ရန်

ရုံတင်နှစ် ဇာတ်ကားအမည် ဇာတ်ကောင် မှတ်ချက်
၂၀၁၆ ဧဒင်ရဲ့ နတ်သမီး ဇာတ်ပို့
၂၀၁၇ သရဲမ၊ဘီလူးမနှင့်မိန်းမပျို ရွှေရုပ်သွင် ဇာတ်ပို့(အကယ်ဒမီဆုရ)
၂၀၁၇ နေဝင်အိပ်တန်းတက် မေကြာဖြူ ဇာတ်​ဆောင်
၂၀၁၈ ဂန္ထဝင်အညှိုး ဇာတ်​ဆောင်
၂၀၁၈ မီ မီ ဇာတ်​ဆောင်
၂၀၁၉ ထာဝရနှောင်ကြိုး ဝတ်မှုန် ဇာတ်​ဆောင်
၂၀၂၀ မိန်းမတစ်ယောက်၏ဖွင့်ဟဝန်ခံချက် သက်နှင်းအိမ် ဇာတ်ဆောင်

ရရှိခဲ့သောဆုများနှင့် ဆန်ကာတင်စာရင်းဝင်မှုများ ပြင်ဆင်ရန်

စဉ် ဆုအမည် ခုနှစ် ဆုအမျိုးအစား ဇာတ်ကား မှတ်ချက်
၁။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၂၀၁၆ အမျိုးသမီးဇာတ်ပို့ဆု ဧဒင်၏ နတ်သမီးများ ဆန်ခါတင်
၂။ ၂၀၁၇ အမျိုးသမီးဇာတ်ပို့ဆု သရဲမ၊ဘီလူးမနှင့်မိန်းမပျို ဆုရရှိ
၃။ ၂၀၁၇ အမျိုးသမီးဇာတ်ဆောင်ဆု နေဝင်အိပ်တန်းတက် ဆန်ခါတင်
၄။ ၂၀၁၈ အမျိုးသမီးဇာတ်ဆောင်ဆု မီ ဆန်ကာတင်
၅။ Star Awards ရုပ်ရှင်ထူးချွန်ဆု ၂၀၁၈ အမျိုးသမီးဇာတ်ဆောင်ဆု မီ ဆုရရှိ


မိသားစုဘဝ ပြင်ဆင်ရန်

၂၀၁၉ ခု၊ ဇန်နဝါရီလ ၁ ရက်တွင် ဒါရိုက်တာ ဏကြီးနှင့် လက်ထပ်သည်။[၂]

ကိုးကား ပြင်ဆင်ရန်

ပြင်ပလင့်များ ပြင်ဆင်ရန်