ပိုင်အိုနီးယား ၄

ပိုင်အိုနီးယား စီမံကိန်း၏ အာကာသယာဉ်

ပိုင်အိုနီးယား ၄ သည် အမေရိကန်ပြည်ထောင်စု ပိုင်အိုနီးယား စီမံကိန်း၏ လူမပါသော အာကာသယာဉ်ဖြစ်ပြီး လကမ္ဘာအားဖြတ်ပျံသန်းခဲ့သည်။ ပိုင်အိုနီးယား ၃ ကဲ့သို့ သိပ္ပံဆိုင်ရာ စမ်းသပ်ကိရိယာများ သယ်ဆောင်ပြီး လကမ္ဘာ၏မျက်နှာပြင်နှင့် ၅၈၉၈၃ ကီလိုမီတာအတွင်း ဖြတ်သန်းသွားခဲ့သည်။ သို့သော် အာကာသယာဉ်တွင် ပါဝင်သော အလင်းလျှပ်စစ် အာရုံခံကိရိယာသည် အလုပ်လုပ်နိုင်သည့်အကွာအဝေးသို့ မရောက်ရှိခဲ့ပေ။ ပိုင်အိုနီးယား ၄ သည် ၁၉၆၉ ခုနှစ်အရ Heliocentric ပတ်လမ်းအတိုင်းရှိနေခဲ့သည်။[၂] ယင်းသည် ၁၉၅၈ ခုနှစ်နှင့် ၁၉၆၃ ခုနှစ်အတွင်း အမေရိကန်တို့ လကမ္ဘာသို့ စူးစမ်းလေ့လာရန် ကြိုးပမ်းမှု ၁၂ ကြိမ်ထဲက အောင်မြင်သော မက်ရှင်တစ်ခုဖြစ်ခဲ့သည်။ ဆိုဗီယက်တို့၏ လူန ၁ သည် ၁၉၅၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့တွင် လကမ္ဘာအား ဖြတ်၍ပျံသန်းနိုင်ခဲ့မှုကြောင့် အမေရိကန်တို့အနေဖြင့် လကမ္ဘာမက်ရှင်နှင့်ပတ်သက်၍ ဖိအားများစွာရှိလာကာ ယခုကဲ့သို့အောင်မြင်မှုသည် ကြီးမားသည်ဟုဆိုနိုင်သည်။ အထူးသဖြင့် ဆိုဗီယက်တို့က မအောင်မြင်သောမက်ရှင်များကို လျှို့ဝှက်ထားတတ်ပြီး အမေရိကန်တို့မှာမူ လူထုကိုချပြရလေသည်။

Pioneer 4
Pioneer 4 space probe
မက်ရှင်အမျိုးအစားလကမ္ဘာ ဖြတ်ပျံသန်း
အော်ပရေတာနာဆာ
ဟဒ်ဗတ် ဦးတည်ချက်1959 Nu 1
COSPAR အိုင်ဒီ1959-013A
ဂြိုလ်တု ကတ်သလောက်နံပါတ်00113
မက်ရှင်ကြာမြင့်ချိန်82.5 hours
အာကာသယာဉ် ဂုဏ်သတ္တိများ
အာကာသယာဉ် အမျိုးအစားPioneer
ထုတ်လုပ်သူJet Propulsion Laboratory
ပစ်လွှတ် ထုထည်၆.၁ ကီလိုဂရမ် (၁၃ ပေါင်)
မက်ရှင် စတင်ခြင်း
ပစ်လွှတ်နေ့3 March 1959, 05:10:56 GMT
ဒုံးပျံJuno II
ပစ်လွှတ်နေရာCape Canaveral, LC-5
ကွန်ထရစ်တာChrysler Corporation
မက်ရှင် ပြီးဆုံး
နောက်ဆုံး ဆက်သွယ်မှု6 March 1959, 15:40:00 GMT
ပတ်လမ်း ပါရာမီတာများ
ရည်ညွန်းစနစ်Heliocentric
ဆီမီးမေဂျာ ဝင်ရိုး၁.၁၀၁၅ astronomical unit (၁၆၄,၇၈၀,၀၀၀ ကီလိုမီတာ; ၁၀၂,၃၉၀,၀၀၀ မိုင်)
ပတ်လမ်း စက်ဝိုင်းကျမှု0.07109
Perihelion၀.၉၈ astronomical unit (၁၄၇,၀၀၀,၀၀၀ ကီလိုမီတာ; ၉၁,၀၀၀,၀၀၀ မိုင်)
Apohelion၁.၁၃ astronomical unit (၁၆၉,၀၀၀,၀၀၀ ကီလိုမီတာ; ၁၀၅,၀၀၀,၀၀၀ မိုင်)
နိမ့်ဆင်းမှု1.5°
ကာလ398.0 days
Epoch3 March 1959 [၁]
လကမ္ဘာကို ဖြတ်၍ပျံသန်း
အနီးဆုံး ချဉ်းကပ်မှု4 March 1959, 22:25 GMT
အကွာအဝေး၅၈,၉၈၃ ကီလိုမီတာ (၃၆,၆၅၀ မိုင်)
----
ပိုင်အိုနီးယား စီမံကိန်း
← ပိုင်အိုနီးယား ၃ ပိုင်အိုနီးယား ပီ-၁

ကိုးကား ပြင်ဆင်ရန်

  1. NASA – NSSDCA – Spacecraft – Trajectory Details။ 30 April 2018 တွင် ပြန်စစ်ပြီး။   ကန့်သတ်ချက်မဲ့ လူထုပိုင်ဖြစ်သော ဤအကိုးအကားမှ အကြောင်းအရာအချက်အလက်များကို ဤဆောင်းပါးတွင်ပါဝင်ဖေါ်ပြထားသည်။
  2. "Pioneer 4"။    ကန့်သတ်ချက်မဲ့ လူထုပိုင်ဖြစ်သော ဤအကိုးအကားမှ အကြောင်းအရာအချက်အလက်များကို ဤဆောင်းပါးတွင်ပါဝင်ဖေါ်ပြထားသည်။