ပိုတာလာနန်းတော်
ပိုတာလာနန်းတော်သည် တိဘက်ပြည်၊ လာဆာမြို့ တောင်ထွတ်တစ်ခုပေါ်တွင် တည်ရှိပြီး ၁၆၄၅-ခုတွင် ပဉ္စမမြောက် ဒလိုင်းလားမား တည်ဆောက်ခဲ့လေသည်။ ၇-ရာစုက ထိုနေရာတွင် နန်းတော်ဟောင်း တည်ရှိခဲ့သည်။ နန်းတော်ဟောင်း အမိုးမှာ ရွှေအမိုး ဖြစ်ပြီး အနီရောင်နန်းတော်နှင့် အဖြူရောင်နန်းတော်ဟူ၍ အပိုင်း နှစ်ပိုင်း ခွဲထားသည်။ အနီရောင်အပိုင်းမှာ ဘာသာရေး၊ စာပေလေ့လာခြင်း၊ ဝတ်ပြုဆုတောင်းခြင်း၊ တရားထိုင်ခြင်း စသဖြင့် ဘာသာရေး ဆိုင်ရာကိစ္စတွေနှင့် သက်ဆိုင်ပြီး အဖြူရောင်အပိုင်းတွင်မူ အစိုးရနှင့် ဌာနဆိုင်ရာ ရုံးတွေရှိလေသည်။ ပိုတာလာနန်းတော်ကြီး တစ်ခုလုံးမှာ တိဘက်သမိုင်းနှင့် ဘာသာရေးဆိုင်ရာ ရှေးဟောင်းပစ္စည်းများနှင့် ပြည့်နေသည်။ အခန်းများ အားလုံးကို ကျောက်မျက်ရတနာ ရွှေငွေများနှင့် အလှဆင်ထားပြီး အခန်းတိုင်း၌ ဆင်းတုရုပ်များ။ ဆေးရေးပန်းချီကားများ၊ ပန်းပုလက်ရာများ အမြောက်အမြား တွေ့ရသည်။ နံရံဆေးရေး ပန်းချီကားများက တိဘက်အကြောင်းများ ပြောပြနေသည်။
Potala Palace | |
---|---|
Potala Palace | |
အချက်အလက်များ | |
တည်နေရာ | Lhasa, Tibet, China |
ကိုဩဒိနိတ် | 29°39′28″N 91°07′01″E / 29.65778°N 91.11694°Eကိုဩဒိနိတ်: 29°39′28″N 91°07′01″E / 29.65778°N 91.11694°E |
နိုင်ငံ | Tibet[*], တရုတ်ပြည်သူ့သမ္မတနိုင်ငံ |
တည်ထောင်သူ | Songtsen Gampo |
တရားဝင်အမည် | Historic Ensemble of the Potala Palace, Lhasa |
အမျိုးအစား | Cultural |
ရွေးချယ်သည့်စံနှုန်း | i, iv, vi |
ရွေးချယ်ခြင်း | 1994 (18th session) |
ရည်ညွှန်းနံပါတ် | 707 |
ဒေသ | Asia-Pacific |
Extensions | 2000; 2001 |
ပိုတာလာနန်းတော်ကို သွားရောက်လေ့လာမည်ဆိုလျင် ဓာတ်လှေခါး သို့မဟုတ် စက်လှေခါးမရှိချေ။ နန်းတော်ထိရောက်အောင် လှေခါးထစ်ပေါင်း ၄၀၀-ကျော်ကို တက်၍ သွားရသည်။[၁]
ကိုးကား
ပြင်ဆင်ရန်- ↑ the key collection 2018, စာကြည့်တိုက် စာစဉ်(၁၂၄) ဒလိုင်းလားမား