ပီကင်း တက္ကသိုလ်
ပီကင်း တက္ကသိုလ် (北京大學; 北京大学) အတိုကောက်အားဖြင့် ပေတာ့ (北大) သည် ပေကျင်းမြို့တွင် တည်ရှိပြီး တရုတ်ပြည်၏ အဓိကကျသော သုတေသနပြု တက္ကသိုလ်ဖြစ်သည်။ တရုတ်ပြည်တွင် ခေတ်သစ် (မော်ဒန်) တက္ကသိုလ်အသွင်ဖြင့် တည်ထောင်ခဲ့သည့် ပထမဦးဆုံးသော တက္ကသိုလ်လည်း ဖြစ်သည်။ ၁၈၉၈ ခုနှစ်တွင် ရှေးဟောင်း ကျောင်းတော်ကြီးအား အသွင်ပြောင်းကာ အင်ပါယာ မြို့တော်တက္ကသိုလ်အဖြစ် ထူထောင်ခဲ့သည်။[၁] ၁၉၂၀ ခုနှစ်ပိုင်းတွင် တရုတ်၏ ခေတ်မှီတိုးတက်သော အတွေးအခေါ် အချက်အချာ ဖြစ်လာသည်။ ယနေ့တွင် ပီကင်းတက္ကသိုလ်ကို တရုတ်ပြည်တွင် အကောင်းဆုံး တက္ကသိုလ်အဖြစ် ပြည်တွင်းပြည်ပမှ အသိအမှတ်ပြုထားသည်။[၂][၃][၄] ပညာသင်ကြားရေးအပြင် ပီကင်းတက္ကသိုလ်သည် ကျောင်းပရိဝုဏ်အတွင်းရှိ တရုတ်ရှေးရိုးဟန် အဆောက်အဦးများကြောင့်လည်း နာမည်ကျော်ကြားသည်။[၅]
ယခင်အမည်များ | အင်ပါယာ မြို့တော် တက္ကသိုလ် Imperial Capital University |
---|---|
အမျိုးအစား | အမျိုးသားအဆင့် |
တည်ထောင် | 1898 |
ဥက္ကဋ္ဌ | Zhou Qifeng (周其凤) |
ဆရာဦးရေ | 4,206 |
ဘွဲ့ကြိုဦးရေ | 15,128 |
ဘွဲ့လွန်ဦးရေ | 15,039 |
တည်နေရာ | ပေကျင်းမြို့, တရုတ်ပြည်သူ့သမ္မတနိုင်ငံ |
ပရဝုဏ် | Urban, 273 ha (2.73 km2 ) |
အားကစားအသင်း အမည်ပြောင် | 北大, Běidà |
နှီးနွယ်အဖွဲ့အစည်းများ | IARU, AEARU, APRU, BESETOHA, C9 |
ဝဘ်ဆိုဒ် | www.pku.edu.cn |
ပီကင်းတက္ကသိုလ်၏ သမိုင်းတလျှောက်တွင် လူရွှင့်၊ မော်စီတုန်း စသည့် ပုဂ္ဂိုလ်များကို ပျိုးထောင်ပေးခဲ့သည်။[၆] ပီကင်း တက္ကသိုလ်သည်လည်း ယဉ်ကျေးမှု လှုပ်ရှားမှုသစ်၊ မေ ၄ လှုပ်ရှားမှု၊ ထျန်းအန်းမင် အရေးအခင်း (၁၉၈၉) နှင့် အခြားသော အရေးပါသည့် ကျောင်းသားလှုပ်ရှားမှုများတွင် လွှမ်းမိုးမှုများ ရှိခဲ့သည်။[၇]
ကိုးကား
ပြင်ဆင်ရန်- ↑ Peking University's Historical Importance. Baidu
- ↑ China Education Center ranking
- ↑ China University Ranking။ 13 February 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 December 2010 တွင် ပြန်စစ်ပြီး။
- ↑ University ranking in China။ 10 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 December 2010 တွင် ပြန်စစ်ပြီး။
- ↑ About Peking University. National University of Singapore
- ↑ Peking University - Mingren။ 4 August 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 27 December 2010 တွင် ပြန်စစ်ပြီး။
- ↑ Peking University။ Encyclopædia Britannica (2008-08-21)။