ပီရာဒီနိယလမ်းဆုံဘူတာ သည် သီရိလင်္ကာနိုင်ငံ၊ အဓိကလမ်းမပေါ်ရှိ ဘူတာတစ်ခု ဖြစ်သည်။ ကသလုဝဘူတာနှင့် ကိုရှင်းနဘူတာ အကြားတွင် တည်ရှိသည်။ ကိုလံဘိုခံတပ်ဘူတာမှ ၄၅ ခုမြောက်ဘူတာဖြစ်ကာ ၁၁၅ ကီလိုမီတာ (၇၁ မိုင်) အကွာတွင် တည်ရှိသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၇၆ မီတာ (၁၅၆၂ ပေ) အမြင့်တွင် တည်ရှိသည်။ ဤလမ်းဆုံဘူတာသည် သီရိလင်္ကာရထားကွန်ယက်ရှိ အရေးပါသည့် ဘူတာတစ်ခုဖြစ်သည်။ အဓိကလမ်းမကို ဆက်သွယ်ထားကာ ကိုလံဘိုဘူတာမှ ဘဒ်ဒူလာဘူတာနှင့် မတလီလိုင်းကြောင်းသို့ သွားမည့်ရထားလမ်းကို ချိတ်ဆက်ပေးသည်။ မတလီလမ်းကြောင်းသည် ပီရာဒီနိယဘူတာမှ တစ်ဆင့် မတလီဘူတာ၊ ထိုမှတစ်ဆင့် ကန်ဒသို့ ချိတ်ဆက်ထားသည်။

Peradeniya Junction
Sri Lankan Railway Station
The former railway station building at Peradeniya Junction
တည်နေရာSri Lanka
ပိုင်ဆိုင်သူSri Lanka Railways
ရထားလိုင်း(များ)Main Line
Matale Line
ပလက်ဖောင်းများ3
အခြား အချက်အလက်များ
အခြေအနေFunctioning
ဘူတာရုံ ကုဒ်PPL
သမိုင်းကြောင်း
ဖွင့်ခဲ့1867
ElectrifiedNo

သမိုင်းကြောင်း ပြင်ဆင်ရန်

ပီရဒီနိယဘူတာသည် သီရိလင်္ကာနိုင်ငံရှိ သက်တမ်းအကြာမြင့်ဆုံးဘူတာတစ်ခု ဖြစ်သည်။ ၎င်းကို ၁၈၆၇ ခုနှစ် ရထားလမ်းအား အမ်ဘီပက်စာမှ ကန်ဒီသို့ တိုးချဲ့ဖောက်လုပ်သည့်အချိန်၌ ဖွင့်လှစ်ခဲ့သည်။ ထိုလမ်းကြောင်းသည် ကိုလံဘိုမြို့မှ ကန်ဒီသို့ ချိတ်ဆက်သည့် ပထမဆုံးလမ်းကြောင်း ဖြစ်သည်။ အစကနဦး၌ ဤဘူတာသည် လမ်းဆုံဘူတာတစ်ခု မဟုတ်သေးပေ။ ပီရဒီနိယမှ ဂမ်ပိုလာသို့ ရထားလမ်းဖောက်လုပ်လိုက်သည့်အခါ ၁၈၇၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် လမ်းဆုံဘူတာတစ်ခု ဖြစ်လာခဲ့သည်။ ထိုအခါ ဘူတာကို "ပီရဒီနိယလမ်းဆုံဘူတာ" ဟု အမည်ထပ်မံပေးခဲ့သည်။ ဘူတာတွင် ရထားလမ်းပလက်ဖောင်းနှစ်ခု ရှိပြီး လမ်းကြောင်းသည် "Y" ပုံသဏ္ဌာန် တည်ရှိသည်။ ထို့ကြောင့် ရထားများသည် တစ်လိုင်းမှ တစ်လိုင်းသို့ ပြောင်းမည်ဆိုပါက နောက်ပြန်ဆုတ်၍ ပြောင်းလဲရန် လိုအပ်မည် ဖြစ်သည်။

သီရိလင်္ကာမီးရထားသည် လမ်းဆုံဘူတာကွန်ယက်ကို အဆင့်မြှင့်တင်ကာ တြိဂံလမ်းကြောင်းပုံစံကို ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ရထားများသည် တစ်လိုင်းမှ တစ်လိုင်းသို့ ပြောင်းမည်ဆိုပါက နောက်ပြန်ဆုတ်ရန် မလိုအပ်တော့ပေ။ တတိယမြောက် ပလက်ဖောင်းအသစ်ကို ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ဖွင့်ခဲ့သည်။ ယေဘုယျအားဖြင့် ပလက်ဖောင်းအမှတ် ၁ နှင့် ၂ သည် မတလီလိုင်းနှင့် အဓိကလိုင်းကို လုပ်ဆောင်ပေးသည်။ တတိယမြောက်လိုင်းသည် မိန်းလိုင်းသို့သွားမည့် အဝင်နှင့် အထွက် ရထားများအတွက် လုပ်ဆောင်သည်။ ခရီးရှည်သွားသည့် ရထားများနှင့် ဒေသတွင်းရထားများအားလုံးသည် ဤဘူတာ၌ ရပ်ကြသည်။

အချိန်စာရင်း ပြင်ဆင်ရန်

ဘူတာစဉ် ပြင်ဆင်ရန်

ယခင် ဘူတာ   Sri Lanka Railways   နောက် ဘူတာ
Barammane   Main Line   Koshinna
Terminus   Matale Line   Sarasavi Uyana

ကိုးကား ပြင်ဆင်ရန်