ပုဂံမြို့တွင် တံခါး( ၁၂)ပေါက် ရှိကြောင်း သမိုင်းတွင် ဆိုသည်။ ယနေ့ ထင်ရှားစွာ တွေ့မြင်ရသော တံခါးမှာ သရပါတံခါး တစ်ပေါက်သာ ရှိတော့သည်။ သမိုင်းတွင် တွေ့ရသော တံခါး (၁၂)ပေါက်မှာ-

သရပါတံခါး
  • အဆောက်အအုံအမှတ် = ၂၁၇၁/၁၄၆၆
သရပါတံခါးအဝင်

အရှေ့ဘက်

  1. သာရဝတ်(သရဝဏ်)
  2. သာရပါ (သရပါ၊ သဗ္ဗရန်ကာ)
  3. သာရပေ

မြောက်ဘက်

  1. သာတန်း
  2. ငါးမြီးခတ်
  3. ညောင်ဖြူ

အနောက်ဘက်

  1. သာစည်
  2. မင်္ဂလာတံဆိပ်
  3. မကြည်သာ

တောင်ဘက်

  1. ဝင်မနား
  2. မတောင်းတ
  3. ကလေ တို့ဖြစ်သည်။

တံခါး (၁၂)ပေါက်တွင် နတ် (၁၃) ပါး စောင့်သည်ဟု ရာဇဝံသဇာလိနီကျမ်း ၌ ဖော်ပြထားသည်။

  1. သရဝဏ်တွင် ဘက်သန်းပင်နတ်
  2. သရပါတွင် နတ်မောင်နှမ၊
  3. သာရပေတွင် ရွှေပေသင်နတ်၊
  4. သာတန်းတွင် ဇမ္ဗူတန်ဆောင်နတ်၊
  5. ငါးမြီးခတ်တွင် ကုဝေရနတ်၊
  6. ညောင်ဖြူတွင် ဇမ္ဗူသပြေနတ်၊
  7. သာစည်တွင် ဇမ္ဗူတမွတ်နတ်၊
  8. မင်္ဂလာတံဆိပ်တွင် ဝိရူပက္ခနတ်၊
  9. မကြည်သာတွင် မြင်းဖြူရှင်နတ်၊
  10. ဝင်မနားတွင်ငနွှဲသင်နတ်၊
  11. မတောင်းတတွင် ဝိရူပက္ခနတ်၊
  12. ကလေတွင် ငါးဆွဲသင်နတ်၊

[၁]

ကိုးကား ပြင်ဆင်ရန်

  1. ဦးခင်မောင်ကြီး(ရန်ကုန်တက္ကသိုလ်) ရေး ပုဂံဘုရားများ သမိုင်းနဲ့ ဧည့်လမ်းညွှန်၊ စာ-၂၆