[၁] -ဤဝဂ်၌ သုတ်တော် ၁၂-သုတ်တို့ကို ဘုရားရှင် ဟောကြားတော်မူပါသည်။ ပုဂ္ဂလဝဂ်၌ ဘုရားရှင်သည်-

၁။ ဗဟုဇနဟိတသုတ် = အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားရှင်နှင့် စကြာမင်းတို့သည် လူအများ၏ ချမ်းသာစီး ပွား ဖြစ်စေရန်၊ နတ်လူတို့၏ အကျိုးစီးပွား, ချမ်းသာသုခများ ဖြစ်ပေါ်စေရန် ပွင့်ထွန်းလာတော်မူ၏ဟု ဟောတော်မူသည့်သုတ်။

၂။ အစ္ဆရိယမနုဿသုတ် = အရဟံဂုဏ်ရှင် သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားရှင်နှင့် စကြာမင်းတို့သည် “အစ္ဆရိယမနုဿ”တို့ပင်တည်းဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

၃။ အနုတပ္ပသုတ် = အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားရှင်၏ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း၊ စကြာမင်းတို့၏ နတ်ရွာစံ ကံတော်ကုန်ခြင်းကြောင့် လူအများ စိုးရိမ်ပူပန်မှု အဖန်ဖန်ဖြစ်ကြပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

၄။ ထူပါရဟသုတ် = အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားရှင်နှင့် စကြာမင်းတို့သည် “စေတီထိုက်သူတို့ပေတည်း”ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

၅။ ဗုဒ္ဓသုတ်= အရဟံဂုဏ်ရှင်, သမ္မာသမ္ဗုဒ္ဓဂုဏ်ရှင် ဘုရားရှင်နှင့် ပစ္စေကဗုဒ္ဓါ “ဗုဒ္ဓနှစ်ဆူ” ရှိပုံကို ဘုရားရှင် ဟောတော်မူသည့်သုတ်။

၆-၇-၈။ အာစာနီယသုတ် = အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်နှင့် ဆင်အာဇာနည်, မြင်းအာဇာနည်, ကေသရာဇာ ခြင်္သေ့မင်းတို့သည် မိုးကြိုးပစ်သော်လည်း ကြောက်ရွံ့ ထိတ်လန့်ခြင်း မရှိသူတို့ပေတည်း ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

၉။ ကိံ ပုရိသသုတ် = လိမ်ညာ၍ မပြောဆိုမိစေရန်၊ အခြားပုဂ္ဂိုလ်တို့အား မမှန်မကန် မစွပ်စွဲမိစေရန်ဟူသော အကျိုးနှစ်မျိုးကို သိမြင်ကြခြင်းကြောင့် ကိန္နရာတို့ လူ့ဘာသာစကားကို မပြောဆိုကြကုန်ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

၁၀။ အတိတ္တသုတ် = မေထုန်မှီဝဲခြင်၊ သားသမီး မွေးဖွားခြင်းဟူသော သဘာဝနှစ်မျိုးတို့ကို မတင့်တိမ် မရောင့်ရဲနိုင်ပဲ မာတုဂါမများ ကွယ်လွန်ရလေ၏ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။

၁၁။ သန္တောသန္တသန္နိဝါသသုတ် = သူတော်ကောင်းနေခြင်းနှင့် သူယုတ်မာတို့၏ နေခြင်းတို့ကို အသီးအသီးခွဲခြား၍ ဘုရားရှင် ဟောတော်မူသည့်သုတ်။

၁၂။ ဝစီသံသာရသုတ် = အဓိကရုဏ်းဖြစ်ရာ၌ စကားပြောဆိုမှု နှစ်မျိုးဖြစ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ် ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -အံ၊၁၊၇၆-၈။ အံ၊မြန်၊၁၉၀-၃။ အံ၊ဋ္ဌ၊၂၊၅၁-၃။ အံ၊ဋီ၊၂၊၄၅-၆။ -အင်္ဂုတ္တရနိကာယ၊ ဒုကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက (၆) ၁-ပဌမဝဂ္ဂ၊
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ