ပုဇွန်ဖြေ (အောက်)ရွာ၊ ပုဇွန်ဖြေ
ပုဇွန်ဖြေ (အောက်)ရွာ၊ ပုဇွန်ဖြေ သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ပုဇွန်ဖြေကျေးရွာအုပ်စုတွင် ပါဝင်သည့် ကျေးရွာတစ်ခု ဖြစ်သည်။
ပုဇွန်ဖြေ (အောက်) | |
---|---|
ပုဇွန်ဖြေ (အောက်) တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 18°09′52″N 94°28′32″E / 18.16446°N 94.47566°E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင်ပြည်နယ် |
ခရိုင် | သံတွဲခရိုင် |
မြို့နယ် | သံတွဲမြို့နယ် |
ကျေးရွာအုပ်စု | Pu Zun Hpay[၁] |
မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေတိုက်စားကာ ချောင်းကမ်းပါးများပြိုကျလာသဖြင့် ဇူလိုင် ၂၄ ရက်နေ့တွင် ပုဇွန်ဖြေအောက်ရွာ မေတ္တာဝါဒီကျောင်းတိုက်အတွင်း နှစ်ပေါင်း ၆၀ ကျော်ကြာ တည်ထားကိုးကွယ်လာသည့် ဘုရားသိမ်တော်မှာ ချောင်းကမ်းပါးနှင့်အတူ တဖြည်းဖြည်း ပြိုကျလာသဖြင့် အရေးပေါ်ရွှေ့ပြောင်းခဲ့ရသည်။ ဘုရားဆင်းတုတော်များအား ကြိုးများဖြင့် သိုင်းပတ်ပြီး မျှောတုန်းပေါ်ပင့်ဆောင်ကာ ရွှေ့ပြောင်းခဲ့ရပြီး ဘုရားဆင်းတုတော်ငါးဆူအား တည်ထားကိုးကွယ်ခဲ့သည့် ပတ်လည် ၅၄ ပေရှိ သိမ်တော်ကိုလည်း ဖြိုဖျက်ပြောင်းရွှေ့ခဲ့ရသည်။[၂]
ကိုးကား
ပြင်ဆင်ရန်- ↑ GAD, Feb 2011.
- ↑ အောင်ရမ္မာ(ကျောက်ဖြူ)။ ရခိုင်ပြည်နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျချောင်းရေတိုက်စားကာ ချောင်းကမ်းပါးများ ပြိုကျလာသဖြင့် ဘုရားဆင်းတုတော်များအား အရေးပေါ်ရွှေ့ပြောင်းရ။ Eleven Media။ ၂၇ ဇူလိုင် ၂၀၁၇ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]