(၄)သုတ် ရှိပါသည်။

[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “သံသရာ၏အစကို မသိနိုင်ကြဘဲ ရှည်လျားလှစွာ ဘဝသံသရာ လှည့်လည်ဖြစ်လာခဲ့ခြင်းကြောင့် “သား”မတော်ဘူးသော သတ္တဝါဟူ၍ မရှိနိုင်ပေ။ ထို့ကြောင့် သင်္ခါရအားလုံးတို့၌ ငြီးငွေ့ စိတ်ပျက်ခြင်းငှါ တပ်မက်မှုကင်းပျောက်ခြင်း ငှါ, လွတ်မြောက်ခြင်းငှါ၊ (ဓမ္မ)ကို ကျင့်သုံးသင့်လှပေတော့သည်သာ”ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။


[၂] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သမဏမစလ, သမဏပုဏ္ဏရိက, သမဏပဒုမ, သမဏေသု သမဏသုခုမာလ-ဟူသော သမဏပုဂ္ဂိုလ်လေးမျိုးကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

ပါဠိတော်၌ ကျန်းမာရေးပျက်စီးခြင်းအကြောင်း ၈-ချက်ကို ဟောတော်မူပါသည်။

အဋ္ဌကထာ, ဋီကာတို့၌ မှတ်သားဖွယ်ရာ ဖွင့်ဆိုချက်များ ရှိပါသည်။


[၃] ဘုရားရှင် ကောသလနိုင်ငံ၊ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မိဖတို့၏ သားသမီးထွန်းကားမှုလိုလားချက် ငါးမျိုးကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။

အဋ္ဌကထာ, ဋီကာတို့၌ ဖွင့်ဆိုချက်များ ရှိပါသည်။


[၄] ဝံသနိုင်ငံ ကောသမ္ဗီမြို့၊ ဥတေနမင်းနန်းတော်၌ အတိဇာတ, အနုဇာတ, အဝဇာတ-ဟူသော သားသုံးမျိုးကို ဘုရားရှင် ဟောတော်မူသည့်အတိုင်း တစ်ယောက်စီ တစ်ယောက်စီ အကျယ်ဒေသနာတော်ကို ဘုရားရှင်ထံတော်မှ နာယူခဲ့သည့်အတိုင်း သာမာဝတီမိဖုရားအမှူးရှိသော မိဖုရားငါးရာတို့အား ခုဇ္ဇုတ္တရာက ဟောပြသည့်သုတ်။

အဋ္ဌကထာ၌ မှတ်သားဖွယ် အကျယ်ဖွင့်ဆိုချက်များ ပါရှိပါသည်။ [၅]

ကိုးကား ပြင်ဆင်ရန်

  1. -သံ၊၁၊၃၉၆။ သံ၊မြန်၊၁၊၄၀၄။ -သံယုတ္တနိကာယ၊ နိဒါနဝဂ္ဂသံယုတ္တ၊ အနမတဂ္ဂသံယုတ္တ၊ ၂-ဒုတိယဝဂ္ဂ၊ အဋ္ဌမသုတ်။
  2. -အံ၊၁၊၃၉၉-၄၀၁။ အံ၊မြန်၊၁၊၄၁၃-၄၁၅။ အံ၊ဋ္ဌ၊၂၊၃၂၂-၃။ အံ၊ဋီ၊၂၊၃၁၇-၉။ -အင်္ဂုတ္တရနိကာယ၊ စတုက္ကနိပါတ၊ ၂-ဒုတိယပဏ္ဏာသက၊ (၉) ၄-မစလဝဂ္ဂ၊ သတ္တမသုတ်။
  3. -အံ၊၂၊၃၇။ အံမြန်၊၂၊၄၇-၈။ အံ၊ဋ္ဌ၊၃၊၂၁-၂။ အံ၊ဋီ၊၃၊၁၈-၁၉။ -အင်္ဂုတ္တရနိကာယ၊ ပဉ္စကနိပါတ၊ ၁-ပဌမပဏ္ဏာသက၊ ၄-သုမနဝဂ္ဂ၊ နဝမသုတ်။
  4. -ဣတိဝုတ်၊၂၃၈-၉။ ဣတိဝုတ်၊မြန်၊၂၂၂-၄။ ဣတိဝုတ်၊ဋ္ဌ၊၂၁၁-၂၂၅။ -ခုဒ္ဒကနိကာယ၊ ဣတိဝုတ္တက၊ ၃-တိကနိပါတ၊ ၃-တတိယဝဂ္ဂ၊ ပဉ္စမသုတ်။
  5. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ