ပုဒ် ၃-ပါး ပြင်ဆင်ရန်

စာရေးရာ၌ အနက်အဓိပ္ပာယ်ကို သိခြင်း၏ အကြောင်းဖြစ်သော ပုဒ်များ။

(၁) ဧကက္ခရပုဒ်- အက္ခရာတလုံးတည်းဖြင့် တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-လူ, နတ်, ခွေး, ဝက်, ကြက် စသည်၊

(၂) အနေကက္ခရပုဒ်-အက္ခရာလုံးများစွာပေါင်းမှ တပုဒ်ဖြစ်သော သဒ္ဒါ။ ပုံ-ဗြဟ္မာ, ကရင်နီ, ပစ္စေကဗုဒ္ဓါ စသည်၊

(၃) အနေက ပဒပုဒ်- ပုဒ်ပေါင်းများစွာကို တပုဒ်တည်းသာ ယူသော သဒ္ဒါမျိုး။ ပုံ-စားစားသောက်သောက်, ပြောပြောဆိုဆို, စသည်၊

ထို့ပြင်လည်း ပုဒ်အမျိုးအစား များစွာရှိသေး၏။