ပုနဗ္ဘဝသုတ်
[၁] ဘုရားရှင် ကောသလနိုင်ငံ သာဝတ္ထိမြို့ ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် “သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေဟူသော ဣန္ဒြေ ငါးပါးတို့၏ သမုဒယ, အတ္ထင်္ဂမ, အဿာဒ, အာဒီနဝ, နိဿရဏ-တို့ကို အမှန်အတိုင်း မသိမမြင်သေးသရွေ့ လောကသုံးပါး၌ “အနုတ္တရ သမ္မာသမ္ဗောဓိ”ကို ထိုးထွင်း၍သိပြီ”ဟု ငါဘုရား ဝန်မခံခဲ့။ ထိုအခြင်းအရာတို့ဖြင့် ဣန္ဒြေငါးပါးတို့ကို ထိုးထွင်း၍ သိမြင်တော်မူပြီးရာအခါ၌သာ “အနုတ္တရသမ္ဗောဓိကို ထိုးထွင်း၍ သိမြင်တော်မူပြီး”ဟု ငါဘုရား ဝန်ခံတော်မူခဲ့သည်။ “ငါဘုရား၏ ဝိမုတ္တိသည်မပျက်စီးနိုင် တော့ပြီ။ ဤသိဒ္ဓတ္ထဘဝသည် ငါဘုရား၏ နောက်ဆုံးဘဝပေတည်း။ နောက်ထပ် ဘဝ၌ဖြစ်ဖို့ရန် ငါ့မှာ မရှိတော့ပြီ။ သိမြင်သော ပစ္စဝေက္ခဏာဉာဏ်အမြင် ငါဘုရားအား ဖြစ်စေခဲ့ပေပြီ”ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ [၂]
ကိုးကား
ပြင်ဆင်ရန်- ↑ -သံ၊၃၊၁၇၉။ သံ၊မြန်၊၁၊၁၈၅။ -သံယုတ္တနိကာယ၊ မဟာဝဂ္ဂသံယုတ္တ၊ ၄-ဣန္ဒြိယသံယုတ္တ၊ ၃-ဆဠိန္ဒြိယဝဂ္ဂ၊ ပဌမသုတ်။
- ↑ ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ