အရှင်ပုပ္ဖိထူပိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

ပြင်ဆင်ရန်

အရှင်ပုပ္ဖိထူပိယထေရ် သည် ဗေဒင်သုံးပုံကို တတ်မြောက်သည့် ပုဏ္ဏားတစ်ဦး ဖြစ်ခဲ့၏။ ထိုပုဏ္ဏားသည် တပည့်တို့ဖြင့် ခြံရံကာ နေလျက် ရှိ၏။ တစ်နေ့သောအခါ တပည့်တို့သည် မြတ်စွာဘုရား ပွင့်တော်မူလျက် ရှိကြောင်း ပြောသည်ကို ကြား၏။

ထိုအခါ ပုဏ္ဏားသည် မြတ်စွာဘုရားအား ဖူးမြင်လိုစိတ် ဖြစ်၏။ တပည့်တို့နှင့်အတူ မြတ်စွာဘုရားအား ဖူးမြင်ရန် သွားလေ၏။ လမ်းခရီးတွင် ပုဏ္ဏားသည် အနာရောဂါ နှိပ်စက်သဖြင့် ဆက်မသွားနိုင်ဘဲ ဇရပ်တွင်နေခဲ့၏။ ထိုအခါ တပည့်တို့အား မြတ်စွာဘုရား၏ ဂုဏ်တော်သည် အဘယ်သို့ ရှိသနည်းဟု မေး၏။ တပည့်တို့ကလည်း ဖူးမြင်ရသည့်အတိုင်း ဖြေကြား၏။ ပုဏ္ဏားလည်း တပည့်တို့၏ စကားကို ကြားရ၍ စိတ်ကြည်လင်မှုများ ဖြစ်ပေါ်လေ၏။ ထို့နောက် ပန်းပုထိုးတော် ပြုလုပ်၏။ ထို့နောက် ထိုနေရာတွင်ပင် သေဆုံးလေ၏။

ထို့နောက် တပည့်တို့သည် အလောင်းကို သင်္ဂြိုဟ်ကာ မြတ်စွာဘုရားထံသို့ ခရီးဆက်လေ၏။[]

အကျိုးခံစားရခြင်း

ပြင်ဆင်ရန်

မြတ်စွာဘုရား၏ ပုထိုးတော်ကို ပန်းတို့ဖြင့် ပြုလုပ်ကာ ပူဇော်ခဲ့သည့်အကျိုးကြောင့် ကမ္ဘာတစ်သိန်းပတ်လုံး အပါယ်မလားခဲ့ရပေ။ ဤဘဒ္ဒကမ္ဘာမှ ကမ္ဘာလေးသောင်းထက်တွင် “အဂ္ဂိသမ” အမည်ဖြင့် စကြဝတေးမင်း တစ်ဆယ့်ခြောက်ကြိမ် ဖြစ်ခဲ့၏။ ကမ္ဘာနှစ်သောင်းထက်တွင်လည်း “ဃတာသန” အမည်ဖြင့် စကြဝတေးမင်း သုံးဆယ့်ရှစ်ကြိမ် ဖြစ်ခဲ့၏။[]

ဂေါတမမြတ်စွာဘုရားထက်ထက်

ပြင်ဆင်ရန်

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ပုပ္ဖိထူပိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ သေရေယျဝဂ်၊ ပုပ္ဖထူပိယတ္ထေရ်အပဒါန်