ပုရာဏစီဝရသိက္ခာပုဒ် သည် မြတ်စွဘုရား၏ သာသနာတော်တွင် ရဟန်းတော်များ လိုက်နာစောင့်ထိန်းရသည့် နိဿဂ္ဂိပါစိတ်အာပတ် တစ်ခု ဖြစ်သည်။[၁]

သမိုင်း ပြင်ဆင်ရန်

မြတ်စွာဘုရားသည် သာဝတ္ထိမြို့၊ ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေတော်မူ၏။ ထိုအချိန်တွင် အသျှင်ဥဒါယီ၏ ထံတွင် မယားဟောင်းတော်စပ်သူသည် ဘိက္ခုနီမတို့ထံ၌ ရဟန်းပြု၏။ ထိုဘိက္ခုနီမသည် အသျှင်ဥဒါယီထံသို့ မပြတ်လာ၏။ အသျှင်ဥဒါယီသည်လည်း ထိုဘိက္ခုနီမထံသို့ မပြတ်သွား၏။ အသျှင်ဥဒါယီသည် ဘိက္ခုနီမထံတွင်ပင် ဆွမ်းကိစ္စကို ပြု၏။

နံနက်အချိန်တွင် အသျှင်ဥဒါယီသည် ဘိက္ခုနီမထံသို့ သွား၏။ ထို့နောက် ဘိက္ခုနီ၏ ရှေ့တွင် အင်္ဂါဇာတ်ကို ဖော်ကာ ထိုင်၏။ ဘိက္ခုနီမသည်လည်း အင်္ဂါဇာတ်ကို ဖော်ကာ ထိုင်၏။ ထိုအခါ အသျှင်ဥဒါယီသည် ပြင်းစွာတပ်မက်သဖြင့် သုက်လွှတ်၏။ ထို့နောက် ဘိက္ခုနီမအား “နှမ သွားလော့၊ ရေကို ဆောင်ယူခဲ့လော့၊ သင်းပိုင်ကို ဖွတ်လျှော်အံ့” ဟု ဆို၏။ ထိုအခါ ဘိက္ခုနီမက “အသျှင် ဆောင်ယူခဲ့ပါ၊ အကျွန်ုပ်သာလျှင် ဖွပ်လျှော်ပါမည်” ဟု လျှောက်၏။ ထို့နောက် ဘိက္ခုနီမသည် သင်္ကန်းကို ယူကာ သုက်များကို ပါးစပ်ဖြင့် စုပ်၏၊ အချို့ကို အင်္ဂါထဲသို့ ထည့်၏။

ထိုသို့ဖြင့် ဘိက္ခုနီမသည် ကိုယ်ဝန်ရ၏။ ထိုအခါ အခြားသော ဘိက္ခုနီမတို့သည် ထိုဘိက္ခုနီမအား “မမြတ်သော မေထုန်အမှုဖြင့် ကိုယ်ဝန်ရသည်” ဟု ကဲ့ရဲ့၏။ ထိုအခါ ထိုဘိက္ခုနီမသည် “မမြတ်သော မေထုန်အကျင့်ကို မကျင့်ပါ” ဟု အကြောင်းစုံကို ပြောကြား၏။

ထိုအခါ ဘိက္ခုနီမတို့သည် “အသျှင်ဥဒါယီသည် ဘိက္ခုနီမအား အဘယ်ကြောင့် ဖွတ်လျှော်စေဘိသနည်း” ဟု ကဲ့ရဲ့ကုန်၏။ ထိုအကြောင်းကို ရဟန်းတို့အား ပြောကြား၏။ ရဟန်းတို့လည်း ကဲ့ရဲ့ကုန်၏။ ရဟန်းတို့လည်း မြတ်စွာဘုရားထံ လျှောက်ထားကြ၏။ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား မေးမြန်း၏။ အသျှင်ဥဒါယီသည်လည်း ဟုတ်မှန်ကြောင်း လျှောက်ထား၏။ မြတ်စွာဘုရားသည် “သင်နှင့် ဆွေမျိုးတော်စပ်သလော” မေး၏။ “မတော်စပ်ပါ” ဟု ဖြေကြား၏။ ထိုအခါ မြတ်စွာဘုရားသည် အသျှင်ဥဒါယီအား ကဲ့ရဲ့တော်မူ၏။ ထို့နောက် မြတ်စွာဘုရားသည် အောက်ပါအတိုင်း သိက္ခာပုဒ်ကို ပညတ်တော်မူ၏။ [၁]

သိက္ခာပုဒ် ပြင်ဆင်ရန်

“အကြင် ရဟန်းသည် ဆွေမျိုးမတော်စပ်သော ဘိက္ခုနီမအား သင်္ကန်းအဟောင်းကို ဖွတ်လျှော်စေမူလည်း ဖွတ်လျှော်စေငြားအံ့၊ ဆိုးမူလည်း ဆိုးစေငြားအံ့၊ ရိုက်နယ်မူလည်း ရိုက်နယ်စေငြားအံ့။ ထိုရဟန်းအား နိဿဂ္ဂိပါစိတ်အာပတ် သင့်၏” ဟု မိန့်တော်မူ၏။ [၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ ၁.၂ ဝိနည်းပိဋက၊ ပါရာဇိကဏ်ပါဠိတော်မြန်မာပြန်