[၁] ဘုရားရှင် သကျနိုင်ငံ ကပိလဝတ္ထုမြို့တော်အနီး မဟာဝုန်တောအုပ်ကြီး အတွင်း၌ သီတင်းသုံးနေတော်မူစဉ် ဤသုတ်တော်ကို “ဗုဒ္ဓိစရိုက်”ရှိသော နတ်ဗြဟ္မာတို့အား ဟောကြားတော်မူ ပါရန် နိမ္မိတဘုရားရှင်က မေးတော်မူသောပြဿနာကို သဗ္ဗညုဘုရားရှင်က (၁၃) ဂါထာဖြင့် ဖြေကြားတော်မူသည့်သုတ်။

(၈)ဂါထာတို့ဖြင့် မသေခင် ငြိမ်းအေးစွာနေနိုင်သော “ဥပသန္တပုဂ္ဂိုလ်”ကို ဟောတော်မူပါသည်။ ယင်းပုဂ္ဂိုလ်ကိုပင် (၄)ဂါထာဖြင့် “သန္တပုဂ္ဂိုလ်”ဟု ဟောတော်မူပါသည်။

အဋ္ဌကထာ၌ ဖွင့်ဆိုချက်များ များစွာပါရှိပါသည်။ ပုရဘေဒသုတ်တော်ကို နာယူကြသော နတ်ဗြဟ္မာ ကုဋေ(၁)သိန်း ရဟန္တာ ဖြစ်ပုံ၊ သောတာပန်စသော နတ်ဗြဟ္မာများ မရေမတွက်နိုင်အောင် ကျွတ်တမ်းဝင်ပုံတို့ကို ဖွင့်ပြပါသည်။ ဤပုရာဘေဒသုတ်ကို အရှင်သာရိပုတ္တရာမထေရ်က မဟာ နိဒ္ဒေသပါဠိတော်၌ “ပုရာဘေဒသုတ္တနိဒ္ဒေသ”အမည်ဖြင့် ဖွင့်ဆို ဟောကြားတော်မူခဲ့ပါသည်။ [၂]

ကိုးကား ပြင်ဆင်ရန်

  1. -သုတ္တနိ၊၄၁၁-၄၁၂။ သုတ္တနိ၊မြန်၊၃၈၈-၉။ သုတ္တနိ၊ဋ္ဌ၊၂၊၂၆၃-၅။ မဟာနိ၊၁၆၁-၁၉၆။ မဟာနိ၊ဋ္ဌ၊၂၇၃-၃၀၇။ ခုဒ္ဒကနိကာယ၊ သုတ္တနိပါတ၊ ၄-အဋ္ဌကဝဂ္ဂ၊ ဒသမသုတ်။
  2. ပခုက္ကူမြို့ မဟာဝိသုတာရာမတိုက်၊ သာသနဓဇ သိရီပဝရ ဓမ္မာစရိယ၊ B.A (ဝိဇ္ဇာဂုဏ်ထူး-သီရိလင်္ကာ)၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ ကေလာသမဟာထေရ် တိပိဋကသူစိကျမ်း နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) ဒုတိယပါမောက္ခချုပ်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကုမာရထေရ် တိပိဋက သုတ္တသူစိ ဝိဘာဝိနီ