ပုလဲနားဆွဲနဲ့ မိန်းကလေး
ပုလဲနားဆွဲနဲ့ မိန်းကလေး (ဒတ်ချ်: Meisje met de parel) သည် ၁၆၆၅ ခုတွင် ဒပ်ခ်ျပန်းချီဆရာ ဂျိုဟန်နက် ဗာမီယာရေးသည့် ဆီဆေးပန်းချီ ဖြစ်သည်။ ပန်းချီကားအမည် မတပ်ထားသဖြင့် အမည်အမျိုးမျိုး ပေးခဲ့ကြသော်လည်း ၂၀ ရာစု နှောင်းပိုင်းတွင် ထိုမိန်းကလေးဝတ်ထားသော နားဆွဲကို သညာပြုကာ ပုလဲနားဆွဲနဲ့ မိန်းကလေးဟူသော အမည် တည်လာသည်။
ပုလဲနားဆွဲနဲ့ မိန်းကလေး | |
---|---|
Dutch: Meisje met de parel | |
အနုပညာရှင် | ဂျိုဟန်နက် ဗာမီယာ |
ခုနစ် | ၁၆၆၅ |
အမျိုးအစား | ခေါင်းပိုင်း အသားပေး ပန်းချီ |
ပါဝင်ပစ္စည်း | ဆီဆေး |
ဒိုင်မင်းရှင်း | 44.5 cm × 39 cm (၁၇.၅ လက်မ × ၁၅ လက်မ) |
တည်နေရာ | မော်ရစ်ရှို့, ဟိ၊ နယ်သာလန် |
ဟိ (Hague) မြို့ရှိ မော်ရစ်ရှို့ (Mauritshuis) ပြတိုက်တွင် ၁၉၀၂ ခုကတည်းက ပြသထားသည်။ ၂၀၀၆ ခုတွင် ဒပ်ခ်ျလူထုက နယ်သာလန်နိုင်ငံ၏ အလှဆုံးပန်းချီအဖြစ် သတ်မှတ်လိုက်ကြသည်။