ပုလဲသည် (၁၉၈၀)ဝန်းကျင်၌ ထင်ပေါ်ကျော်ကြားခဲ့သော PLAYBOY တေးဂီတအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုတော်ပလေးဘွိုင်သန်းနိုင်၏ ဇနီး ဖြစ်သလို ဝမ်းကွဲမောင်နှမလည်း တော်စပ်သည်။ ပုလဲ၏မွေးဖွားရာဇာတိမှာ ပြင်ဦးလွင်မြို့ဖြစ်သည်။ ပုလဲ၏အနုပညာရှင်မောင်နှမများမှာ စိန်လွင်၊ ပလေးဘွိုင်သန်းနိုင်၊မြသီတာ၊ပီတာဘတူ၊တိုနီဘတူ၊ ပီတာဘသိန်း၊တင်အောင်မိုး၊နှင်းနှင်းအေး၊သန်းသန်းနွယ်၊ခင်မြတ်မူ၊တက္ကသိုလ်အေးမောင်၊ခင်နုရီတို့ဖြစ်ကြသည်။ ပုလဲသည် ပလေးဘွိုင်သန်းနိုင် နှင့် ဆွေဇင်ထိုက်တို့ပါဝင်သရုပ်ဆောင်ထားသော အချစ်လှေရုပ် ရှင်ဇာတ်ကား၌ အထူးဧည့်သည်သရုပ်ဆောင်အနေဖြင့် ပါဝင်ခဲ့သည်။

ပုလဲသည် ရွှေပုလဲငွေပုလဲပတ္တမြားပုလဲနီလာပုလဲစသည့် တစ်ကိုယ်တော်အယ်လ်ဘမ်များကို ထုတ်ဝေခဲ့သည်။ ပလေးဘွိုင်သန်းနိုင် နှင့်တွဲဖတ်၍လည်း ချစ်ရမ္မက်မရဲ့မောင်လေးမမသဲပညာစသည့် အယ်လ်ဘမ်များ ကိုထုတ်ဝေခဲ့သည်။ ပလေးဘွိုင်အဖွဲ့နှင့်တွဲဖတ်၍ ပလေးဘွိုင် ရဲ့ ပလေးဘွိုင်အမှတ်(၁)၊အမှတ်(၂) နှင့် အချစ်လှေ စသည်အယ်လ်ဘမ်များ၌လည်း တစ်ပုဒ်စနှစ်ပုဒ်စ ပါဝင်သီဆိုခဲ့သည်။ အဆိုတော်ပုလဲသည် ယခုဩစတေးလျနိုင်ငံ၌ မိသားစုဆွေမျိုးများနှင့် အတူ နေထိုင်လျက်ရှိသည်။

သီဆိုခဲ့သော သီချင်းများ ပြင်ဆင်ရန်

  1. ကိုကိုရေရူးပြီ
  2. ကိုကိုယောင်္ကျားမဟုတ်ဘူး
  3. လူကြမ်းမင်းသားလေး
  4. စဉ်းစားမှာပေါ့
  5. ပေါက်နေပြီ
  6. ပန်းချယ်ရီမေ
  7. ရေလိုအချစ်
  8. လေကလေးကိုကို
  9. ချစ်ဖို့ကောင်းတဲ့မောင်
  10. ဘတ်စ်ကားထဲမှာသူဆိုးတယ်
  11. ဝင်္ကဒီပနီယောင်္ကျား
  12. ရောမမြို့ကိုအကြွေးနဲ့ဝယ်မယ်
  13. ဇွတ်ချစ်မယ်
  14. ချစ်လိုက်စမ်း
  15. ဒီလိုဒီလိုလှလို့ချစ်တယ်
  16. အချစ်လှေ
  17. LOVE
  18. မိုဟာမတ်အလီ
  19. ကားအနီလေး (ဒတ်ဆန်းအနီ)
  20. အလွမ်းဘုရင်မလေး
  21. ဖြည်းဖြည်းပေါ့
  22. မရဲ့မောင်လေး
  23. မေမေပြောတယ်မုန်းလိုက်တဲ့
  24. ဗီးနပ်စ်နတ်သမီး
  25. တောင်ပြာတန်းကချစ်ရက်တွေ
  26. ကော်ဖီပူလေးသောက်လိုက်ပါဦး
  27. ပုလဲ၏ပုလဲ
  28. အရက်ညာတိုက်တယ်
  29. ရှားရှားပါးပါးမျက်ရည်
  30. မောမြေ မောအလှ မောနှမ
  31. အမျိုးသားတွေသတိထား
  32. အမြဲစိမ်းလန်းသောတောအုပ်
  33. လဲပြိုနေပြီ
  34. အလွမ်းကဗျာ
  35. ရူးပြီ
  36. ဘဝခရီးဝေး
  37. စတော်ဘယ်ရီချစ်သည်းရှင် (စိန်လွင် နှင့် တွဲဖတ်၍သီဆို)
  38. ချစ်ကမ္ဘာ (ပလေးဘွိုင်သန်းနိုင် နှင့် တွဲဖတ်၍သီဆို)
  39. ချစ်ခရီးအဖော်မွန် (စိန်လွင် နှင့် တွဲဖတ်၍သီဆို)
  40. သွားတော့သူငယ်ချင်း
  41. ဆန်းဒေးချစ်သူ
  42. ဒီကောင်မလေးကြိုက်တယ်ဆိုပြီး
  43. ကျွန်မမှာယောင်္ကျားရှိတယ်
  44. ဝမ်းနည်းပါတယ်ရှင်
  45. ဘုရားဖူးသွားစို့
  46. ဟုတ်သိပ်ဟုတ်
  47. ကျွန်မချစ်သည်း
  48. သေခန်းပြတ်ပဲသူငယ်ချင်း
  49. ဘီလူးခေါင်းလေးနဲ့မင်းသား
  50. အချစ်ပျောက်မလေး
  51. မခေါ်တော့ဘူး
  52. မောင်ရယ်ချစ်လိုက်တာ
  53. ရက်မြတ်နေ့လေးထဲ
  54. နှုတ်ခမ်းလေးသော့ခတ်ထားပါ
  55. ယောင်္ကျားလေးဘဝခဏလိုချင်တယ်
  56. ဂျင်းဘောင်းဘီအပြာနဲ့မင်း
  57. ဪမိန်းမ (ပလေးဘွိုင်သန်းနိုင် နှင့် တွဲဖတ်၍သီဆို)
  58. ဟောလိဝုဒ်သွားမယ်
  59. ယောင်္ကျားမျက်ရည်
  60. ကလင်ကလင် ကလန်ကလန်
  61. အားလေးမလျော့နဲ့နော်
  62. သည်လူကိုအရယူမယ်
  63. အမူးပဲ
  64. အကြံရပြီ
  65. ပစ်မသွားနဲ့အချစ်ရယ် (ခင်မောင်ထူး နှင့် တွဲဖတ်၍သီဆို)
  66. ပျော်ရွှင်မင်းသမီး

ကိုးကား ပြင်ဆင်ရန်