ပုသိမ်ဆရာတော် (၁၁၃၈ - +) သည် ထင်ရှားသည့် ဆရာတော်တစ်ပါး ဖြစ်သည်။ ဆရာတော်၏ ဘွဲ့တော်ကိုမူ မသိရှိရပေ။ [၁]

ဘဝ ပြင်ဆင်ရန်

ဆရာတော်ကို ၁၁၃၈ ခုနှစ်တွင် အလုံမြို့၊ ကင်းစမ်းရွာတွင် ဖွားမြင်ခဲ့သည်။ ငယ်မည်မှာ မောင်လှေး ဖြစ်သည်။

အင်းဝမြို့တော်တွင် မဟာမြတ်မုနိဘုရားရှင်အရှေ့တွင် စမ္ပါယ်နဂိုရ်မင်းသမီးက လေးထပ်ကျောင်းဆောက်လုပ်လှူဒါန်းခဲ့သည်။ ထိုကျောင်းတွင် ဆရာတော်သည် သီတင်းသုံးခဲ့သည်။

အမရပူရမြို့သို့ ရောက်သည့်အခါ မြို့တော်မြောက်ဘက် ရွှေရေးဆောင်မိဖုရားကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည်။[၁]

ကိုးကား ပြင်ဆင်ရန်

  1. ၁.၀ ၁.၁ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၆၈။